5

252 22 6
                                    

Unicode

နောက်နေ့မနက်ဆိုရင်စီးရီးအတွက်ရိုက်ကူးရေးစတော့မယ်။နိုအာတစ်ယောက်ရင်တွေအရမ်းခုန်ပြီးညဖက်တောင်အိပ်မပျော်ဘူး။နောက်ဆုံးတော့သူလုံးပန်းခဲ့ရတာတွေကအတည်ကြီးဖြစ်လာတော့မယ်။

"ဒေါက်~ဒေါက်~ဒေါက်"

ကုတင်ပေါ်မှာဟိုလှည့်ဒီလှည့်နဲ့အိပ်မပျော်ဖြစ်နေတုန်းတံခါးခေါက်သံကြားလိုက်ရလို့နိုအာထထိုင်လိုက်တယ်။

"အိပ်နေပြီလား..."

စေးစေးရဲ့အသံ။နိုအာထပြီးတံခါးကိုဖွင့်ပေးလိုက်တယ်။ဖွင့်ဖွင့်ချင်းပဲ နိုအာ့ မျက်နှာပေါ်မှာရေစက်ကလေးတွေလာစင်လို့ နိုအာ လန့်သွားရတယ်။

"ဟ...ဘာအရည်တွေလဲ"

စေးစေးရဲ့လက်ထဲမှာသပြေခက်နဲ့ရေဖလားနဲ့။ဒီကောင်ဘာထကြောင်ပြန်တာလဲ။နိုအာဒေါသထွက်သွားရတယ်။

"ကံကောင်းစေမဲ့ယတြာလေ နောက်နေ့ရိုက်ကူးရေးစတော့မှာမဟုတ်လား..."

စေးစေးကပြောလဲပြော၊လက်ထဲကသပြေခက်နဲ့လည်းနိုအာ့တစ်ကိုယ်လုံးကိုလိုက်ဖြန်းနေတယ်။

"ဥုံ စိုလေကောင်းလေ..
ကောင်းလေ စိုလေ.."

ဘာဂါထာကြီးလဲ နိုအာ့ ဘဝမှာတစ်ခါနှမကြားခဲ့ဖူးပါဘူး။စေးစေးလုပ်လိုက်လို့သူ့တစ်ကိုယ်လုံးနီးပါးစိုရွှဲကုန်ပြီ။စေးစေးရဲ့လက်ကနိုအာ့ခေါင်းအပေါ်ကိုမမီမကမ်းနဲ့အရောက်လှမ်းနေတဲ့အချိန်မှာပဲနိုအာကစေးစေးရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။စေးစေးကရုတ်တရက်မို့ထင်မှတ်ထားဟန်မတူပဲလက်ထဲကသပြေခက်ကပြုတ်ကျသွားတယ်။

"ရပ်လိုက်တော့ ညကြီးသန်းခေါင်ရေစိုပြီးဖျားအောင်လုပ်နေတာလား"

"အလုပ်မှာအဆင်ပြေရအောင်လို့တစ်ဖက်တစ်လမ်းကနေကူညီတာပါကိုကိုကလည်း"

စေးစေးကမျက်နှာကိုရွဲ့ပြီးပြောတယ်။နိုအာလည်းဆွဲထားတဲ့စေးစေးလက်ကိုလွှတ်ပေးလိုက်ပြီး...

"တစ်အားကူညီနေချင်တယ်ဆိုရင်ကိုယ့်ကိုskinshipနဲ့ရင်းနှီးအောင်လုပ်ပေး"

နိုအာကskinshipတွေကိုသဘောမကျတဲ့သူတွေထဲမှာပါတယ်။မကြိုက်လို့မွေးကတည်းကအမေ့ကိုတောင်ချွဲပြီးမဖက်ဖူးဘူး။ညဖက်ဆိုလည်းတစ်ယောက်ထဲပဲအိပ်တတ်တာ။သူငယ်ချင်းတွေနဲ့လည်းလုံးလုံးထွေးထွေးတစ်ခါမှမနေခဲ့တာကိုနိုအာပြန်သတိရသွားတယ်။
နောက်နေ့ရိုက်ရမဲ့အခန်းမှာ  နေဝန်းထည်ဝါနဲ့ဖက်ရမဲ့အခန်းတွေအနည်းငယ်ပါတာမို့လို့နိုအာသူ့ကိုယ်သူစိတ်မချတာတော့အမှန်ပဲ။

Rental BoyfriendWhere stories live. Discover now