Chapter(35)

83 3 0
                                    

သက်တန့် နိုးလာစေဖို့ရက်သတ္တပတ်များစွာဆုတောင်းခဲ့သည်။တစ်ခုသောနေ့ရက်တွင်ဖြစ်သည်။

နန်းဆက်ရဲ့ရင်ဘတ်တွင်ဖိကပ်၍ဆုပ်ကိုင်ထားခဲ့သောသက်တန့်ရဲ့လက်ကလေးဆီမှ လှုပ်ရှားမှုတစ်ချို့ကို နန်းဆက်ခံစားမိလာသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ထိုခဏတွင်မှိတ်ထားသောမျက်ဝန်းလေးများပွင့်လာ၍ နန်းဆက်မြတ်နိုးသော သူမ၏စကားသံလေးကို ပြန်လည်နားဆင်ခွင့်ရခဲ့ပါသည်။

"ဘာလို့ငိုနေတာလဲ နန်းဆက်"

"မင်းက အကြာကြီးအိပ်နေတာလေ။ကိုယ် ငိုချင်တာပေါ့ Honey"

"ငိုရတာကိုမုန်းတယ်လို့ ရှင်အမြဲပြောခဲ့တာပဲ"

"ဒါပေမယ့်မင်းအတွက်နဲ့ ကိုယ်အရမ်းပဲ ငိုချင်နေမိတယ်ဆိုရင် တားဆီးမှာလား"

"ငိုကြွေးခြင်းဆိုတာရှုံးနိမ့်ခြင်း အထိမ်းအမှတ်ဖြစ်တာကြောင့် ရှင်သိပ်မုန်းတယ်လို့ပြောခဲ့ဖူးတာ သက်တန့်မှတ်မိသေးတယ်။ရှင့်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ရှင်သိပ်မုန်းတဲ့ ရှုံးနိမ့်မှုတွေမပါဝင်စေချင်ဘူး"

"ဒါပေမယ့်လေ သက်တန့်မျှော်စင်ဆိုတဲ့ ကောင်မလေးကြောင့်ငို‌ကြွေးတတ်ခဲ့ပြီး‌တော့ ရှုံးနိမ့်ခြင်းတွေကိုနမ်းရှိုက်တတ်လာခဲ့ပြီဆိုတာ မင်းသိသင့်တယ်"

နန်းဆက်စကားကြောင့်သက်တန့်ရဲ့နှုတ်ခမ်းတွင်ကျေနပ်ကြောင်းပြသသည့်အပြုံးလေးတစ်ခုဖြစ်ပေါ်လာသည်။

"ရှင်က ကဗျာဆန်ဆန်စကားတွေ ပြောတတ်လာပြီပဲ။ဂုဏ်ယူပါတယ် နန်းဆက်"

"ကိုယ့်ကိုလှောင်တာလား။ကိုယ့်ကိုမင်းက ရှက်ရွံ့သိမ်ငယ်စေတာပဲ Honey"

"မလှောင်ပါဘူး။ဂုဏ်ပြုတာပါကွယ်။မရှက်စမ်းပါနဲ့"

"မင်း........."

"ရှင်ရဲ့ စကားလုံးတွေက အမြဲတမ်းပဲ ခါးသက်မောက်မာနေခဲ့တာလေ။အခုလို ပြောင်းလဲလာမှုက အံ့အားသင့်ဖွယ်ကောင်းလွန်းလို့ပါ"

"မင်းကကိုယ့်ရဲ့ရှုံးနိမ့်ခြင်းကို ကျေနပ်နေတာလား။အဲ့ဒီလို အပြုအမူမျိုးကို ကိုယ်မနှစ်သက်တတ်တာ မင်းသိပါတယ်နော်"

သက်တန့်မျှော်စင်💛Where stories live. Discover now