"မေမေ....."
"သမီးလေး.......မလာနဲ့....."
သက်တန့်၏မေမေက မျှော်စင်အောက်သို့ပြုတ်ကျသွားခဲ့သည်။သက်တန့်က မေမေဟု အော်ခေါ်ရင်း သူမပြုတ်ကျသွားရာဆီသို့ အပြေးလိုက်သွားခဲ့သည်။မျှော်စင်၏အစွန်းဘောင်ပေါ်သို့ သက်တန့်ရောက်ရှိသွားခိုက်တွင် တစ်စုံတစ်ယောက်က သက်တန့်ကို ပွေ့ဖက်တားမြစ်လိုက်သဖြင့် သက်တန့်၏ခုန်ချလုဆဲဆဲ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။
သက်တန့်ကသူမကိုပွေ့ချီထားခဲ့သော အသက်၂၅အရွယ်ခန့်ရှိနိုင်မည့်ကောင်မလေးကိုစိတ်ဝင်တစားငေးမောနေခဲ့သည်။သူမက သက်တန့်ကိုပွေ့ပိုက်ထားရာမှ ကြမ်းပြင်ပေါ်သို့ချပေးလိုက်ပြီး သက်တန့်ကိုဤသို့ပြောသည်။
"အဲ့ဒီပေါ်က ပြုတ်ကျသွားရင် မင်း အရမ်းနာကျင်ရလိမ့်မယ် ကလေးမ"
"သက်တန့်ရဲ့မေမေက အဲ့ဒီအောက်ကိုပြုတ်ကျသွားတယ်။မေမေတစ်ယောက်ထဲ ကြောက်နေမှာပေါ့။သက်တန့်လိုက်သွားမလို့......."
"အဲ့ဒီအောက်မှာရှိနေတဲ့ကျောက်ချွန်တွေက သွေးတွေအများကြီးထွက်ပြီး နာကျင်အောင်လုပ်လိမ့်မယ်။မင်း မကြောက်ဘူးလား"
"ရှင်က သက်တန့်နာမှာကိုစိတ်ပူလို့လား"
"မင်းက ကလေးလေးပဲ ရှိသေးတာ။ကိုယ့်ကိုရှင်တွေဘာတွေနဲ့ လူကြီးလို စကားပြောနေတာပဲ"
"သက်တန့်ရဲ့မေမေလည်း အဲ့ဒီလိုပြောတာပဲလေ"
"ထားပါတော့.....မင်း အိမ်ပြန်သင့်ပြီ"
"သက်တန့်တစ်ယောက်ထဲ မပြန်တတ်ဘူး"
"မင်းရဲ့အိမ်ဘယ်နေရာမှာရှိလဲတော့ ပြောပြတတ်တယ်မို့လား"
"ဟုတ်ကဲ့..."
"လာ.......ကိုယ်လိုက်ပို့ပေးမယ်"
ထိုကောင်မလေးကသက်တန့်လက်ကိုဆွဲ၍ ထိုနေရာမှထွက်သွားဖို့ပြင်လိုက်သည်။
"သက်တန့်ကို ချီ......"
"မင်းကို ချီရဦးမယ်.....ဟုတ်လား။ကိုယ့်ဘာသာ လမ်းမလျှောက်တတ်ဘူးလား"
"မေမေဆိုရင် သက်တန့်ကို ချီတယ်။သက်တန့်ရဲ့မေမေ့ကိုသွားခေါ်ပေး....."
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...