Chapter(52)

73 5 0
                                    

နန်းဆက်ရဲ့အပြင်သွားဖို့ပြင်ဆင်ထားသောဟန်ပန်ကြောင့် သက်တန့်မေးမြန်းမိသည်။

"နန်းဆက်.......ဘယ်သွားမလို့လဲ"

"ဆေးရုံကိုသွားမလို့Honey။ကိုယ်ဂရုစိုက်ပေးရမယ့်လူနာတစ်ချို့ရှိနေလို့"

"ရှင့်ရဲ့ကျန်းမာရေးအခြေအနေက အလုပ်မလုပ်သင့်ဘူး‌နော်"

"ကိုယ်နေကောင်းပါတယ်။ခဏပဲ.....ကိုယ်မြန်မြန်လေးပြန်လာခဲ့မယ်"

"ဒါပေမယ့်သက်တန့်ရှင့်ကိုစိတ်မချဘူး။ပြီးတော့ သက်တန့်ရဲ့စိတ်ထဲမှာတစ်ခုခုကိုကြောက်နေသလိုပဲ....."

သက်တန့်၏ညိုးငယ်နေသောမျက်နှာလေးကိုကြည့်ရင်း နန်းဆက်စိတ်မကောင်းဖြစ်ရပြန်သည်။

"မင်းဆီကို မြန်မြန်ပြန်လာခဲ့ပါ့မယ်။ကိုယ့်ရဲ့ကလေးလေးက လိမ္မာတယ်မဟုတ်လား။ကိုယ့်ကိုစိတ်မကောင်းဖြစ်ရအောင်မလုပ်နဲ့ကွာ......နော်"

နန်းဆက်၏မျက်နှာလေးပျက်ယွင်းသွားသောအခါမှာတော့ သက်တန့်သက်ပြင်းချရင်းခေါင်းညိတ်လိုက်ပါ၏။နန်းဆက်ကိုစိတ်မညစ်စေချင်ပါ။

"အင်းပါ.....နန်းဆက်။သက်တန့်ဆီ မြန်မြန်ပြန်ခဲ့ရင်ပြီးတာပါပဲ"

နန်းဆက်သည်သက်တန့်ကိုကြင်ကြင်နာနာလေးကြည့်၍နှစ်သိမ့်ပေးပြီးထွက်ခွာသွားခဲ့သည်။

××××××××××××××××××××××××

သက်တန့်ရဲ့လက်ကိုင်ဖုန်း တုန်ခါလာခဲ့သဖြင့်သက်တန့်ကြည့်လိုက်သောအခါ သက်တန့်ရဲ့ကမ္ဘာကိုဖျက်ဆီးမည့်နတ်ဆိုးတစ်ကောင်ဆီမှဖြစ်နေခဲ့သည်။

"ဟယ်လို.......သက်တန့်....ငါ့ကိုမှတ်မိသေးရဲ့လား။ကစားပွဲလေးပြန်စဖို့အချိန်တန်ပြီ။မင်းကိုအနားယူခွင့်ပေးထားတာကြာပြီလေ။မင်းနဲ့နန်းဆက်ထည်ဝါရဲ့ပန်း‌ရောင်နေ့ရက်လေးတွေအဆုံးသတ်သင့်ပြီထင်လို့......"

"ရှင်ဘာတွေဒုက္ခပေးဦးမလို့လဲ"

"သိပ်ပြီးထွေထွေထူးထူးတော့မရှိပါဘူး။ငြိမ်ငြိမ်လေးနေရတာ ပျင်းနေရောပေါ့။ငါကသွေးပူလေ့ကျင့်ခန်းလေးလုပ်ပေးမလို့"

သက်တန့်မျှော်စင်💛Where stories live. Discover now