သက်တန့်ရဲ့ဆိုင်သို့ရောက်လာလေ့ရှိသောဧည့်သည့်များက အရင်အတိုင်းပဲဖြစ်သော်လည်း နန်းဆက်ကတော့ အရင်လိုမဟုတ်တော့ပါ။ဟိုအရင်က သက်တန့်ကို ရန်ရှာလေ့ရှိသောအပြုအမူတို့ နန်းဆက်ဆီမှာ လုံးဝမရှိတော့တာက ဘုရားသခင်ရဲ့လက်ဆောင်မွန်တစ်ခုပင်ဖြစ်လိမ့်မည်ဟုထင်သည်။
ယခုလည်း သက်တန့်ရဲ့ဆိုင်မှာဝယ်သူတစ်ယောက်နဲ့စကားပြောနေခဲ့သည်။
"မင်းကို ဆိုင်မှာမတွေ့တာကြာပြီ။မင်းကိုမတွေ့ရတာ ကိုယ့်အတွက် တစ်ခုခုလိုနေသလိုပဲ"
"ဆိုင်က ကောင်မလေးတွေ ဂရုစိုက်ပေးကြတယ်မဟုတ်လား။သက်တန့်က အလုပ်အရမ်းများနေခဲ့တော့ ဆိုင်ကိုမလာဖြစ်ဘူး"
"အောင်မြင်သူတွေ အလုပ်အရမ်းများတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ကိုယ်လိုလူတွေက သာမာန်ပဲဆိုတော့ မျက်နှာငယ်ရတာပေါ့"
"ရှင်ကတော့ ပြောတော့မယ်......"
"ဟုတ်တယ်။ကိုယ့်ရဲ့ကောင်မလေးကြိုက်တတ်တဲ့လက်ဆောင်တွေက မင်းရဲ့ဆိုင်မှာပဲရှိတတ်တာ။ပြီးတော့သူကြိုက်တတ်တာကို မင်းပဲရွေးချယ်ပေးတတ်တာလေ"
"ရှင်ရဲ့စကားကြောင့်မာန်တက်သွားသလိုပဲ"
သက်တန့်တို့နှစ်ယောက် စကားပြောရင်း ရယ်မောမိကြသည်။ထိုအချိန်တွင် ဆိုင်ထဲသို့ ဝင်လာသော နန်းဆက်ကို တွေ့လိုက်ရသည်။သက်တန့်ကနန်းဆက်ကို အထိတ်တလန့်ကြည့်မိသော်လည်း နန်းဆက်ရဲ့မျက်နှာပေါ်တွင် ပြဿနာရှာလိုသောအငွေ့အသက်တို့ ရှိမနေခဲ့ပါ။သက်တန့်အံ့အားသင့်မိတာတော့အမှန်ပင်ဖြစ်သည်။
"သက်တန့်ကိုခွင့်ပြုပါဦးနော်။ရှင်လိုအပ်တာမှန်သမျှကို ညီမလေးတွေက ဂရုစိုက်ပေးပါလိမ့်မယ်"
သူက သက်တန့်ကြည့်နေရာဆီသို့ ကြည့်လိုက်ရင်း နန်းဆက်ကိုတွေ့သောအခါ အခုလိုပဲပြောပါ၏။
"ရပါတယ်။သူက မင်းအတွက် အရေးကြီးတယ်ထင်တယ်။သွားလိုက်ပါ"
ထိုသို့ပြော၍ဆိုင်က ကောင်မလေးများဖြင့် ပန်းချီကားများကို ရွေးချယ်ရင်း သူတို့တွေအဖွဲ့ကျသွားသဖြင့်ထားခဲ့လိုက်ပြီး နန်းဆက်ရှိနေရာသို့ သက်တန့်ထွက်လာခဲ့သည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...