Chapter(46)

61 4 0
                                    

နန်းဆက်သည်စိတ်ရှုပ်ထွေးနေခဲ့သည်။ထို့ကြောင့် ဒိုင်ခွက်၌ပြနေသည့် ကီလိုမီတာ၁၆၀ကျော်နေပြီဖြစ်သောကား၏အရှိန်ကိုသတိမထားမိခဲ့ပါ။

"ကားကိုအရှိန်လျှော့ဦး နန်းဆက်"

သက်တန့်သတိပေးသောအခါမှနန်းဆက်သတိပြန်ဝင်လာခဲ့သည်။ထိုအခါမှ လီဗာကိုဖိနင်းထားသောနန်းဆက်၏ခြေထောက်ကိုပြန်လျှော့လိုက်‌သောအခါအရှိန်သည်၁၀၀အောက်ပြန်ကျသွားသည်။

"Sorry......Honey.....ကိုယ်ရဲ့စိတ်တွေနည်းနည်းရှုပ်ထွေးသွားလို့ပါ"

"စိတ်ရှုပ်နေရင်ကားကိုရပ်လိုက်ပါ နန်းဆက်။သက်တန့် မောင်းပေးမယ်"

နန်းဆက်သည်သက်တန့်ရဲ့စကားကိုနာခံ၍ကားကိုရပ်တန့်လိုက်သည်။မိမိရဲ့အခြေအနေ သိပ်မဟန်ဘူးဆိုတာ နန်းဆက်ကိုယ့်ကိုယ်ကိုသိနေတာပဲ။သက်တန့်သည်ကားမောင်းနေရင်းမှ မိမိဘေးနားတွင်ငြိမ်သက်တိတ်ဆိတ်နေသောနန်းဆက်အားကြည့်ရင်းမေးမြန်းလိုက်သည်။

"ဦးလေးငယ်နဲ့ပြောနေခဲ့တဲ့အကြောင်းကို သက်တန့်နားလည်အောင်ရှင်းမပြချင်ဘူးလား နန်းဆက်"

ဦးလေးငယ်နှင့်ပြောခဲ့သောအကြောင်းကို သက်တန့်ကထပ်မံမေးဖို့ကြိုးစားနေပြန်သဖြင့် နန်းဆက် စိတ်လေသွားရသည်။“မင်းကိုယ့်ကို ဒုက္ခပေးဖို့များ ကြိုးစားနေသလား ကလေးမရယ်”ဟု နန်းဆက်စိတ်ထဲကတွေးနေမိသည်။သက်တန့်၏‌မေးမြန်းမှုကိုနန်းဆက် တားဆီးလိုက်ပါသည်။

"အဲ့ဒီအကြောင်းကိုကိုယ်တို့ထပ်မပြောပဲနေကြရအောင် Honey"

"ဒါပေမယ့် သက်တန့်သိချင်တယ်။သက်တန့်ကြောင့်နန်းဆက်နာကျင်ရတယ်ဆိုတာဘာလဲ။သက်တန့်ကနန်းဆက်အတွက်ဒုက္ခတစ်ခုဖြစ်နေခဲ့သလား"

"ကိုယ်ဘာမှမဖြစ်ဘူးလို့"

"သက်တန့်ကြောင့် ရှင်ထိခိုက်ရတာလား။နန်းဆက်....ဖြေပါဦး"

"မဟုတ်ဘူးHoney...။ကိုယ့်ကိုထိခိုက်အောင် မင်းမလုပ်ပါဘူး။ကိုယ့်ကိုချစ်တယ်ဆိုရင်ဖြေရခက်တဲ့မေးခွန်းတွေထပ်မေးဖို့မကြိုးစားပါနဲ့ကွာ"

နန်းဆက်၏စကားကြောင့် သက်တန့်ငြိမ်သက်သွားခဲ့သည်။ထိုစဉ်တွင်နန်းဆက်ပြောလာသောစကားကဤသို့ဖြစ်သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now