Chapter(51)

78 3 0
                                    

စာအုပ်ထဲရှိပုံရိပ်များပြန်လည်အသက်ဝင်လာသောအခါ နန်းဆက်အတွက်လုပ်စရာတာဝန်များရှိလာခဲ့ပြန်သည်။

ထိုပုံရိပ်များကိုကြည့်ရှုရန်အတွက်နန်းဆက်သည်လက်စွပ်ဖြင့်စာအုပ်အဖုံးကိုထိရင်းဖွင့်လိုက်သည်။နန်းဆက်၏မျက်နှာသည် သိပ်မကောင်းလှပါ။

နန်းဆက်ခံစားရမှာပေါ့။သက်တန့်ရဲ့ရှေ့မှာသက်တန့်ရဲ့မျိုးနွယ်စုတွေကိုသတ်ဖြတ်ရမှာလေ။သက်တန့်ကို မျက်နှာပူမိ၏။အထူးသဖြင့်သက်တန့်နာကျင်ခံစားရမည်ကို နန်းဆက်အကြောက်ဆုံးဖြစ်၏။

စာအုပ်ထဲ၌ပေါ်လာခဲ့သည့်လွတ်မြောက်နေသူကိုစီရင်ရမှာနဲ့ပတ်သက်ပြီးသက်တန့်အဆင်‌ပြေပါ့မလားဟုတွေးရင်း နန်းဆက်စိတ်ညစ်မိပါ၏။သက်တန့်ကိုနန်းဆက်ရဲ့အသက်ထက်ပိုပြီးချစ်မြတ်နိုးသည်။သူမစိတ်ဆင်းရဲစေမည့် ဘယ်လိုအရာကိုမှ နန်းဆက်မလုပ်ချင်ပါ။

နန်းဆက်သည်စာအုပ်ကိုင်ရင်းသက်တန့်အကြောင်းတွေးမိသောအခါ နှလုံးသားကဝေဒနာများစွာဖြင့် ဒုက္ခပေးလာပြန်သည်။နန်းဆက်ကလက်တစ်ဖက်ဖြင့်ရင်ဘတ်ကိုဖိရင်းကျန်လက်တစ်ဖက်ဖြင့်စားပွဲခုံကိုထောက်ထားခဲ့ရသည်။

နန်းဆက်သည်အလွန်အမင်းနာကျင်လာသဖြင့်အလုပ်ဆက်မလုပ်နိုင်တော့ပါ။ထို့ကြောင့်စာအုပ်ကိုစားပွဲပေါ်သို့ပြန်ချရင်းအိပ်ရာထဲသို့သွား၍လှဲ‌လျောင်းလိုက်ရသည်။

နန်းဆက်သည် မိမိ၏ရင်ဘတ်ကိုဖိရင်းလူးလှိမ့်နေခဲ့ရသည်။ထိုနာကျင်မှုက ဘာနဲ့မှမတူပဲ နှိုင်းစရာရှာမရအောင်ပြင်းထန်လွန်းသဖြင့် သေလုမြောပါးခံစားနေရသည်။

နန်းဆက်သည်အံဆွဲထဲမှဆေးပုလင်းနှင့်ဆေးထိုးအပ်ကိုယူလိုက်သည်။ထိုနောက်ထိုအရာတွေကိုကိုင်ထားရင်း အိပ်ရာပေါ်၌လှဲ‌လျောင်းငြိမ်သက်နေခဲ့ရသည်။

ကိုယ့်ကိုယ်ကိုသက်သာစေရန်ဆေးထိုးဖို့ကြိုးစားနိုင်ခြင်းပင်မရှိတော့သောမိမိ၏အခြေအနေကိုနန်းဆက်စိတ်ပျက်မိတာအမှန်ဖြစ်သည်။တုန်ရီနေသောလက်အစုံသည်ဘာမှမလုပ်နိုင်သဖြင့် ထိုအခြေအနေတည်ငြိမ်သွား‌စေရန်စိတ်ခံစားချက်တို့ကိုထိန်းချုပ်ဖို့ကြိုးစားနေရသည်။ထိုစဉ်တွင်ရောက်လာခဲ့သူက သက်တန့်ဖြစ်၏။

သက်တန့်မျှော်စင်💛Where stories live. Discover now