Chapter(47)

69 4 0
                                    

သက်တန့်သည် ကားမောင်းနေရင်း မိမိဘေးနားတွင်ငြိမ်သက်နေခဲ့သောနန်းဆက်လှမ်းကြည့်မိသည်။သက်တန့်ရဲ့လုပ်ရပ်ကြောင့် နန်းဆက်ကိုနာကျင်စေခဲ့သဖြင့်အကြီးအကျယ်နောင်တရနေမိသည်။သက်တန့်မသိခဲ့သောကိစ္စတစ်ချို့ကြောင့် သက်တန့်အမှားများစွာကိုကျူးလွန်မိသောအခါ ထိုအရာအတွက် ဖြေဆေးမရှိခဲ့ပါ။ယခုလည်းနန်းဆက်ကိုပေးထားသောကတိအားချိုးဖောက်မိပြန်ပြီဖြစ်သည်။

နန်းဆက်နိုးလာသောအခါတွင် သက်တန့်ကိုဘယ်လိုစီရင်မလဲဆိုတာကို သက်တန့်မတွေးရဲပါ။ဒါပေမယ့်နန်းဆက်ကိုလိုအပ်လွန်းလို့ပါဟုသက်တန့်တစ်ယောက်ထဲပြောနေမိသည်။နန်းဆက်ရဲ့စီရင်ခြင်းကိုသက်တန့်လက်ခံလိုက်ဖို့သတ္တိမွေးထားလိုက်မိတော့သည်။

အိမ်သို့ပြန်ရောက်သောအခါ ဟန်သာ၏အကူအညီဖြင့်နန်းဆက်ကိုအိပ်ရာထဲ၌အသာအယာချထားလိုက်ရင်း သူမကိုသက်တန့်ထိုင်ကြည့်နေမိသည်။နန်းဆက် ဘယ်အချိန်နိုးလာမလဲဟု စောင့်စားရင်း သက်တန့်သည်အတွေးများစွာဖြင့်ခြောက်ခြားနေခဲ့သည်။နန်းဆက်ရဲ့လက်ကိုဆုပ်ကိုင်ရင်းငြိမ်သက်စွာဖြင့်ကြည့်နေခဲ့စဉ်၌ နန်းဆက်၏ခန္ဓာကိုယ်မှလှုပ်ရှားမှုကိုမြင်တွေ့ လိုက်ရသည်။

နန်းဆက်သည် နိုးနိုးချင်း၌ အရာရာကိုချက်ချင်းသဘောပေါက်သွားလျှက် သက်တန့်ဆုပ်ကိုင်ထားသောသူမရဲ့လက်ကိုရုန်းထွက်လိုက်သည်။ပြီးတော့ သူမကလေသံမာမာဖြင့် သက်တန့်ကိုမေးမြန်းခဲ့သည်။

"မင်းဘာလုပ်လိုက်တာလဲ။ကိုယ်တားမြစ်ခဲ့တဲ့အရာကို မင်းက......"

"သက်တန့် ရှင့်ကိုပြန်လိုချင်လွန်းလို့ပါ"

"အဲ့ဒါနဲ့ပဲ ကိုယ့်ကိုပေးထားတဲ့ကတိ‌ဖျက်ခဲ့တယ်ဆိုပါတော့"

"နန်းဆက်...."

သက်တန့်က နန်းဆက်ကိုပွေ့ဖက်ဖို့ကြိုးစားသောအခါ နန်းဆက်ရှောင်တိမ်းဖို့ကြိုးစားခဲ့သည်။

"ကိုယ့်ကိုမထိနဲ့....။ကိုယ်အကြောက်ဆုံးဖြစ်စဉ်ကို ဆင့်ခေါ်ခဲ့တာ။မင်းကို အဲ့ဒီအရာနဲ့မတွေ့စေဖို့ ကိုယ်ဘယ်လောက်ကြိုးစားခဲ့ရသလဲမင်းသိလား....."

သက်တန့်မျှော်စင်💛Where stories live. Discover now