Chapter(49)

70 3 0
                                    

"မင်းသိလား သက်တန့်မျှော်စင်။အဲ့ဒီ‌နေ့က မျှော်စင်ပေါ်မှာကျိန်စာကိုပြန်ရုတ်သိမ်းပေးဖို့ ငါကမင်းရဲ့အမေကိုတောင်းပန်ခဲ့တာ။ငါသူမကိုမသတ်ခဲ့ဘူး။ငါ့လက်ထဲမှာကိုင်ထားတဲ့ဓါးက ခြိမ်းခြောက်ရုံပဲ။ မင်းရဲ့အမေကဓါးဆီကိုတိုးဝင်လာခဲ့လို့ထိုးမိသွားတာ။မင်းရဲ့အမေကသူမရဲ့ကျိန်စာရုတ်သိမ်းပေးရမှာစိုးလို့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တာ။မျှော်စင်ပေါ်ကမင်းရဲ့မေမေကိုတွန်းချခဲ့တာမဟုတ်ဘူး။သူမဘာသာခုန်ဆင်းသွားခဲ့တာ"

“သက်တန့်ထင်တာနန်းဆက်က မေမေ့ကို.....”

“အဲ့ဒီနေ့ကမျှော်စင်ပေါ်မှာမင်းတွေ့ခဲ့ရတာက ငါ့ကိုပါ။ထည်ဝါကနောက်မှရောက်လာခဲ့တာ။မင်းက အရမ်းငယ်လွန်းတော့သေချာမသိခဲ့တာပါ”

"သက်တန့်အဲ့ဒီအရာတွေကို တကယ်မသိခဲ့လို့ပါဦးလေးငယ်"

"မင်းရဲ့အမေသေဆုံးသွားတော့ ကျိန်စာနဲ့ပတ်သက်ပြီး ငါအရမ်းစိုးရိမ်သွားခဲ့တယ်။ကျိန်စာကိုဖန်တီးသူမရှိ‌တော့ရင် ကျိန်စာကိုပြန်လည်ရုတ်သိမ်းပေးမယ့်သူမရှိတော့ဘူးလေ။ဒါကြောင့် မထူးဘူးဆိုပြီး မင်းကိုပါသတ်လိုက်ဖို့ ထည်ဝါ့ကိုပြောခဲ့တယ်။ဒါပေမယ့် ထည်ဝါက ငြင်းဆန်ခဲ့တယ်လေ။ကလေးလေးပဲရှိသေးတဲ့မင်းကိုမသတ်ရက်ပါဘူးဆိုလို့ မင်းကဆက်လက်ပြီးရှင်သန်ခွင့်ရခဲ့တာ သက်တန့်"

"နန်းဆက်က သက်တန့်ကိုသူမရဲ့အသက်ထက်ပိုပြီး ဂရုစိုက်ခဲ့တယ်ဆိုတာ သက်တန့်ခံစားမိပါတယ် ဦးလေးငယ်"

"နောက်ထပ် မင်းသိသင့်တာရှိသေးတယ် သက်တန့်။အဲ့ဒီ‌နေ့က ထည်ဝါနဲ့မင်းရဲ့တွေ့ဆုံခြင်းကတိုက်ဆိုင်မှုမဟုတ်ခဲ့ဘူး။ဇိန်းကငါတို့ကိုဒုက္ခ‌ပေးဖို့မင်းကိုစေလွှတ်ခဲ့သလိုအဲ့ဒီနေ့ကမင်းရဲ့အသက်၁၈နှစ်ပြည့်တာဆိုတော့ ငါတို့တွေကလည်းမင်းကိုသတ်ဖို့ကြိုးစားခဲ့တယ်ဆိုပါတော့"

"ဒါဆို......"

"ဟုတ်တယ်။ထည်ဝါက မင်းကိုကားနဲ့တိုက်မသတ်နိုင်ခဲ့သလို မင်းကိုရေနစ်ပြီးသေဖို့လည်းခွင့်မပြုခဲ့ဘူးလေ။တကယ်ဆိုအဲ့ဒီ‌နေ့ထဲက ရေနစ်ပြီးမင်းသေသွားသင့်တာသက်တန့်"

သက်တန့်မျှော်စင်💛Where stories live. Discover now