"မင်းနေကောင်းတယ်ဆိုရင် မင်းကို နေရာတစ်ခုဆီခေါ်သွားချင်လို့"
"ဘယ်ကိုလဲ"
"သစ်တောထဲသွားချင်တာ.....Honey"
"အခုလား....."
"အင်း......"
ခေါင်းညိတ်လက်ခံလိုက်သောအခါနန်းဆက်သည်သက်တန့်ရဲ့လက်ကိုဆွဲ၍ ကားဆီသို့ခေါ်ဆောင်သွားပါ၏။ထို့နောက် မောင်းနှင်ခဲ့သောနေရာသည်ဝင်္ကပါသစ်တောရှိရာဆီသို့ဖြစ်ခဲ့၏။
သစ်တော၏အလယ်သို့ရောက်သောအခါ နန်းဆက်သည်သူမမောင်းနှင်လာသောကားကိုရပ်တန့်လိုက်သည်။သက်တန့်ရှိရာဘက်အခြမ်းမှကားတံခါးကိုဖွင့်ပေးလိုက်ရင်း နန်းဆက်ကလက်ကမ်းပေးလိုက်သည်။သက်တန့်ကနန်းဆက်ကမ်းပေးသောလက်ကိုဆုပ်ကိုင်၍သူမခေါ်ဆောင်ရာသို့လိုက်ပါခဲ့ပါတော့သည်။
နန်းဆက်သည်သက်တန့်ကိုကွင်းပြင်ရှိရာသို့ခေါ်ဆောင်သွားခဲ့၏။နန်းဆက်သည် ဘာမှမရှိသောကွင်းပြင်တွင်မတ်တပ်ရပ်ရင်း သူမ၏လက်တွင်လက်စွပ်ကိုဝတ်ဆင်လိုက်သည်။ထို့နောက်မြေပြင်တွင်မုဆိုးဒူးထောက်ထိုင်လိုက်ရင်း လက်စွပ်ဝတ်ဆင်ထားသောလက်ဖြင့်မြေပြင်ကိုထိ၍ မန္တာန်တစ်ခုကိုရွတ်ဆိုလိုက်သည်။ထိုခဏတွင်သက်တန့်မြင်တွေ့လိုက်ရသည်က ထည်ဝါလွန်းသည့်အဆောက်အဦးကြီးတစ်ခုဖြစ်၏။
"ဒါကဘာလဲ နန်းဆက်"
"အဲ့ဒါကအိမ်မက်မြို့ဟောင်းရဲ့အသဲနှလုံးဖြစ်တဲ့ အိမ်မက်နန်းတော်ပဲ Honey....."
သက်တန့်သည်သူမတစ်ခါမှမမြင်ဖူးခဲ့သောနန်းတော်ကိုကြည့်ရင်း အံ့ဩမှင်သက်နေခဲ့ပါ၏။နန်းဆက်က ဆက်ပြီးဤသို့ပြောပါသည်။
"ဒါကအိမ်မက်နန်းတော်ရဲ့ပုံစံအစစ်အမှန်ပဲ။ဒါကိုလူတွေမမြင်တွေ့စေဖို့ မန္တာန်တစ်ချို့နဲ့ သစ်တောထဲမှာဖုံးကွယ်ထားခဲ့တာ"
သက်တန့်သည်ပတ်ဝန်းကျင်ကိုသေချာလှည့်ပတ်ကြည့်ရှုရင်းဤသို့ပြောပါ၏။
"ဒီသစ်တောက သက်တန့်ကိုနန်းဆက်ခေါ်သွားခဲ့ဖူးတဲ့သစ်တောပဲ။ဟုတ်တယ်မို့လား နန်းဆက်"
"အင်း......"
"ဒီလိုဆို အခုဒီမြင်ကွင်းတွေကို မန္တာန်ရဲ့အစွမ်းနဲ့မြင်နေရတာပေါ့"

YOU ARE READING
သက်တန့်မျှော်စင်💛
Fantasíaနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...