နန်းဆက်သည်သက်တန့်အတွက် ဝင်္ကပါသစ်တောဆီသို့ထွက်လာခဲ့ပါ၏။ဇိန်းသည်သက်တန့်ကိုဖမ်းချုပ်ထားလျှက်ဝင်္ကပါသစ်တောတွင်ရှိနေခဲ့သည်။
"မင်းကကတိတည်သားပဲ။သက်တန့်ကိုတော်တော်လေးဂရုစိုက်တာသိသာပါတယ်"
"စကားအပိုတွေပြောမနေနဲ့ ဇိန်း။လုပ်စရာရှိတာလုပ်ကြရအောင်။သန်းခေါင်ယံရောက်တော့မယ်"
နန်းဆက်သည်ထိုသို့ပြောပြီးသောအခါလက်စွပ်ကိုဝတ်ဆင်လိုက်ပါသည်။ထိုခဏတွင်ည၁၂နာရီလည်းထိုးသွားခဲ့ပြီဖြစ်သည်။ထိုအခါတွင်နန်းဆက်ရဲ့လက်ဖြင့်ဆူးများပြည့်နှက်နေသောသစ်ပင်၏ကိုယ်ထည်ကိုကိုင်တွယ်ရင်းတစ်စုံတစ်ခုကိုတီးတိုးရွတ်ဆိုလိုက်သည်။
အချိန်တစ်ခုကြာပြီးသောအခါ သစ်ပင်များဆီမှအော်မြည်သံနှင့်အတူ သစ်တောကိုဖြတ်သန်းသည့်လမ်းပေါ်ပေါက်လာခဲ့တော့သည်။
"သွားရအောင် ဇိန်း.....ကားထဲဝင်"
ဇိန်းသည်သက်တန့်ကိုဖမ်းချုပ်ထိန်းသိမ်း၍ကားနောက်ခန်းထဲသို့ဝင်ထိုင်လိုက်ပါ၏။နန်းဆက်လည်းကားမောင်းသူနေရာတွင်ဝင်ထိုင်ရင်းကားကိုမောင်းထွက်ခဲ့တော့သည်။
ဤသို့ဖြင့်ပထမဆုံးမျှော်စင်သို့ရောက်ရှိလာခဲ့တော့သည်။
"ဒီနေရာမှာမင်းကိုမလိုတော့ဘူးထင်တယ် နန်းဆက်ထည်ဝါ"
ဇိန်း၏စကားကြောင့်နန်းဆက်သည် ခပ်ထေ့ထေ့ပြုံးလိုက်၍ အဖြေပြန်ပေးလိုက်သည်။
"ငါတော့မထင်ဘူး။ပထမဆုံးမျှော်စင်ရဲ့အကျဉ်းခန်းကိုဖွင့်ဖို့ငါကိုမင်းလိုအပ်လိမ့်မယ်ဇိန်း"
"ဘယ်လို"
"ကြည့်ရတာ မင်းကလေ့လာမှုအားနည်းတယ်ထင်ပါရဲ့။မင်းမသိရင်နားထောင်။မင်းတို့မျိုးနွယ်တွေကိုပိတ်လှောင်ထားတဲ့အခန်းကိုရောက်ဖို့မျှော်စင်ရဲ့အပေါ်ဆုံးအထိသွားရမှာ။အပေါ်ကိုတက်ဖို့အထပ်တိုင်းမှာတံခါးတွေရှိတယ်။အဲဒီတံခါးတွေဖွင့်ဖို့ဂါထာကိုငါပဲသိတာလေ။ပြီးတော့ သူတို့တွေကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အကျဉ်းခန်းရဲ့တံခါးကလည်း ငါကိုယ်တိုင်ဖွင့်မှရမှာ"
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...