Chapter(48)

63 4 0
                                    

သက်တန့်သည်နန်းဆက်ပြန်လာမလားဆိုပြီးနေ့စဉ်ရက်ဆက်စောင့်မျှော်နေခဲ့သည်။နန်းဆက်သည် ရက်များစွာကြာပြီးသည့်အချိန်အထိအိမ်ပြန်ရောက်မလာခဲ့ပါ။ထို့သို့နန်းဆက်ပြန်မလာခဲ့ခြင်းအတွက် ပြင်းထန်စွာခြောက်ခြားကြေကွဲရင်းရှိနေခဲ့သည်။

ဦးလေးငယ်ပြောသွားသောစကားများကအမှန်ဖြစ်နိုင်သည်ဟုသက်တန့်တွေးမိလာသည်။နန်းဆက်ကသက်တန့်ကိုစုန်းမတစ်ကောင်အဖြစ်တကယ်ပဲမုန်းတီးသွားခဲ့ပြီဟုထင်မိသောအခါ......။

သက်တန့်သည်ကြံရာမရသည့်အဆုံးတွင်သေခြင်းတရားကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်သည်။နန်းဆက်၏အမုန်းတွေကိုရင်မဆိုင်နိုင်တာသေချာသည့်အတွက် သေခြင်းတရားကိုရင်ဆိုင်မှဖြစ်လိမ့်မည်။သက်တန့်သည် နန်းဆက်၏ဦးလေးဖြစ်သူနှင့်တွေ့ဖို့ကြိုးစားမိတော့သည်။ထို့ကြောင့် အိမ်မက်မြို့ဟောင်းသို့ သက်တန့်ထွက်လာခဲ့မိတော့သည်။

"နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ သက်တန့်။သေဖို့ဆုံးဖြတ်ပြီးပြီပေါ့"

"နန်းဆက်ကသက်တန့်ကို တကယ်ပဲမုန်းသွားပြီထင်တယ်။နန်းဆက်ရဲ့အမုန်းတွေကိုမလိုချင်ဘူးဆိုတော့သေခြင်းကိုလက်ခံလိုက်ဖို့ပဲရှိတာပေါ့ ဦးလေးငယ်"

"ဒါပေါ့......သက်တန့်မျှော်စင်။မင်းက သေဆုံးသွားသင့်တဲ့လူပဲ”

"ဒါဆို သက်တန့်မသိသေးတဲ့အကြောင်းအရာတွေပြောပြပါ ဦးလေးငယ်။ပြီးရင် သက်တန့်ရဲ့သေဆုံးခြင်းကို ဦးလေးငယ်ကိုယ်တိုင်စီရင်နိုင်ပါတယ်”

ဤသို့ဖြင့်ဦးလေးငယ်သည်တစ်ချိန်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ချို့ကို ပြောပြခဲ့ပါသည်။

အလွန်ကြာမြင့်ခဲ့ပြီဖြစ်သောရှေးနှစ်တစ်ချို့က စုန်းမျိုးနွယ်စုတစ်ခုရှိခဲ့သည်။သူတို့က ရှေးဟောင်းစုန်းတွေရဲ့နောက်ဆုံးလက်ကျန်မျိုးဆက်တွေပေါ့။အဲ့ဒီမျိုးနွယ်‌တွေက လူသား‌တွေအပေါ်ရက်စက်ဆိုးသွမ်းပြီး ပြုစားသတ်ဖြတ်ဖို့အတွက်ကိုပဲဆာလောင်နေတတ်ကြသည်။

ထိုကိစ္စတွေကို ကာကွယ်တားဆီးဖို့အတွက်အိမ်မက်မြို့ဆိုပြီးဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။စုန်း‌တွေနေထိုင်ရာနေရာနှင့်လူသားတွေရှိရာ‌ကိုအိမ်မက်မြို့တည်၍စည်းတစ်ခုအနေဖြင့်တားဆီးပိတ်ပင်ထားခဲ့သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now