Chapter(36)

69 4 0
                                    

သက်တန့် နေကောင်းလာသဖြင့် ဆေးရုံက ဆင်းခွင့်ရခဲ့သည်။

"ကိုယ်နဲ့လိုက်ခဲ့ Honey"

"ဘယ်ကိုသွားမလို့လဲ နန်းဆက်"

"ရောက်ရင်သိမှာပေါ့ကွယ်"

နန်းဆက်ကသက်တန့်ရဲ့ကိုယ်လေးကိုပွေ့ဖက်၍ ကားတံခါးဖွင့်ပေးလိုက်သည်။ထပ်မံ၍မေးမြန်းမနေတော့ပဲ အလိုက်သင့်ပဲကားထဲသို့ဝင်ထိုင်လိုက်သည်။နန်းဆက်ခေါ်သွားခဲ့သောနေရာမှာရဲတိုက်ဖြူဖြစ်သည်။

"ဒါက......."

"ဟုတ်တယ်။အဲ့ဒါက မင်းသိပ်မြတ်နိုးလွန်းတဲ့မင်းရဲ့ပန်းချီကားတွေပဲ"

"ဒါတွေကိုမီးရှို့ဖျက်ဆီးပစ်မယ်လို့‌ပြောခဲ့တာမဟုတ်လား။ဘာဖြစ်လို့ရှိနေသေးတာလဲ"

"မင်းကိုယ့်ကိုလူယုတ်မာလို့ သတ်မှတ်ထားခဲ့တာလား Honey။မင်းသိပ်မြတ်နိုးတဲ့အရာတွေကို ကိုယ်ဖျက်ဆီးနိုင်လိမ့်မယ်လို့တကယ်ထင်ထားခဲ့တာလား"

"ဒါပေမယ့် ရှင်အရမ်းစိတ်ဆိုး‌နေခဲ့တာ‌လေ။သက်တန့်ကိုသတ်ပစ်ဖို့အထိကြံစည်ခဲ့တာ......."

သက်တန့်ရဲ့စကားကြောင့် နန်းဆက်ရင်ထဲတွင်ပြင်းပြင်းထန်ထန်ထိရှသွားခဲ့သည်။ဒါပေမယ့် သက်တန့်ကဖြစ်စဉ်မှန်ကို မသိလို့ ဒီလိုပြောတာကို နန်းဆက်သိနေတာပဲလေ.....ဖြေသိမ့်နိုင်ရမှာပေါ့။

တစ်စုံတစ်ယောက်ကြောင့်သာ နန်းဆက်ကသက်တန့်ကိုသတ်ဖို့ကြိုးစားမိခဲ့တာ။နန်းဆက်၏ခံစားချက်အစစ်အမှန်က သက်တန့်ကိုနာကျင်အောင်မလုပ်နိုင်တာသေချာနေခဲ့သည်ပဲ။ဒါပေမယ့်အဲ့ဒါတွေကို သက်တန့်သိအောင်ပြောလို့မှမရပဲ။အဲ့ဒီတော့ နန်းဆက်မှာကြေကွဲရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။

ထို့ကြောင့်လက်တွေ့တွင်နန်းဆက်ရဲ့နှုတ်ဖျားကထွက်ကျလာသောစကားလုံးများသည်ဤသို့ဖြစ်သည်။

"ဟုတ်တယ်။ကိုယ်မင်းကိုသတ်ဖို့စဉ်းစားတဲ့အထိ မိုက်မဲမိခဲ့တယ်။မင်းပြောတာမှန်တယ်။ကိုယ်က သိပ်ကိုယုတ်မာတဲ့သူ......"

နန်းဆက်ရဲ့မျက်ဝန်းဆီမှရစ်ဝဲလာသောမျက်ရည်စများနှင့်ကြေကြေကွဲကွဲစကားသံတို့ကြောင့် သက်တန့်မှာချက်ချင်းပဲ ပြေရာပြေကြောင်းစကားကိုပြောဆိုလိုက်ရသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now