2

9.1K 896 47
                                    

"ဦးသာလှ ဘာဟင်းရှိသေးလဲဗျ"

မီးဖိုဆောင်ဖက် ပြေးဝင်လာပြီး နိုင်နိုင် မေးလိုက်သည်။ ကိုသာလှက ဘုန်းကြီးကျောင်းသားဖြစ်တဲ့အပြင် ကျောင်း ထမင်းချက်ဆောင်မှာ အနေများသူဖြစ်၏။ တစ်မနက်လုံး ကလေးနှစ်ယောက်လက်ဆွဲကာ ဆော့ကစားပြီးနောက် ဗိုက်ဆာလာတာမို့ မီးဖိုချောင်မှာလာမေးခြင်းပင်။

" ဆွမ်းပေါင်း ရပြီလေ ။ စားတက်ရဲ့လားမသိဘူး။
ကြက်ကြော်နှစ်တုံးလည်းကျန်သေးတယ်။ ဟိုနောက်က ချမ်းမြေ့ တစ်နေကုန်ဆော့လိုက်တာများ အိမ်ကို ထမင်းစားလေးဘာလေးတောင်မပြန်ပါ့လား"

ကိုသာလှပြောရင်ပြောချင်စရာ။
နိုင်နိုင်နောက်မှာပုန်းနေတဲ့ကလေးပေါက်စဟာ
သူ့ကိုခင်တွယ်လွန်းအားကြီးပါ၏။
မနက်ဆို ချစ်စမ်းမောင်နှင်အတူရောက်လာပြီး ညနေဆို အတော်ကြီးစောင်းမှသာ တစ်ယောက်ထဲပြန်တက်သည်။ခုလည်း နေ့ခင်းနှစ်နာရီထိုးပြီမို့ ချစ်စမ်းမောင်တစ်ယောက် ပြန်ပြေးပြီဖြစ်၏။ ကျန်ခဲ့သူက ထုံးစံအတိုင်းမောင်ချမ်းမြေ့။

"ချမ်းမြေ့ ဗိုက်ဆာပြီလား"

အဆော့မက်တဲချမ်းမြေ့ ခေါင်းညိတ်ပြတဲ့အခါ ဆံပင်ထူထူတွေ ခါရမ်းကုန်၏။
ချမ်းမြေ့ က ဆံပင်အုံထူသည် ။
ဆံရစ်ဝိုင်းထားတာကြောင့်  နောက်စိအောက်ပြောင်သောဦးရေတွင် လက်ဖြင့်ထိမိရင်များ စူးခနဲဖြစ်အောင် ခံစားရ၏ ။ သို့ပေမဲ့ သူကတော့ ထိုကြမ်းရှရှအမွှေးစူးစူးကိုသဘောကျရာ မကြာခဏ ခေါင်းလေးကို ထိကိုင်တက်၏။ သူ့ခေါင်းလေးကို နိုင်နိုင်ဆော့တိုင်း ချမ်းမြေ့က ငြိမ်ခံနေတာ သိပ်ချစ်စရာကောင်း၏။
မျက်ခုံးထူတဲ့အပြင် လက်မွှေး ခြေမွှေးလေးတွေကော ရှည်တာ သိသိသာသာ ဖြစ်သည်။
လူက ပုတိုတိုကို ဘောင်းဘီမဝတ်ပဲ ပုဆိုးလေးဖြင့်
သူ့ပုံပန်းဟာ ငယ်က သင်တဲ့ စာအုပ်ထဲက ဂျာအေးလေးလိုပင်။

ကြက်သားတုံးကို အသားဖဲ့ကာ ကျွေးတဲ့အခါ
အားရဝမ်းသာ ပါးစပ်ဟပေးသည်။ မခွံ့တက်ခွံ့တက် ကျွေးတာမို့ ပါးစပ်တစ်ဝိုက် ဟင်းရည်တွေပေပွနေပေမဲ့ မညီးမညူစားပေး၏။ သူကတော့အရုပ်တစ်ရုပ်ကောက်ရလိုက်သလိုပင်။

ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျားWhere stories live. Discover now