17

5.7K 603 14
                                    

‌"ကေး  ကျွန်တော် မင်းကို ချစ်တယ်"

အနိုင် အိပ်ယာထပ်ကနေ ကေးကို ငေးကြည့်ရင်းပြောလိုက်သည်။ လူ့သက်တမ်းတိုတိုလေးမှာ သူချစ်တဲ့သူနဲ့ပဲနေသွားချင်သည်။ နေရောင်အောက်မှာ ကေးမျက်တောင်ဖျားတွေ အရိပ်သဏ္ဍာန်ထင်ကာ
လှပစွာကွေးညွှတ်နေကြသည်။

ကေးရှက်သွားတဲ့ အချိန် ငုံ့သွားတဲ့ မျက်နှာ နုနုထပ်မှာ ဖုံးအုပ်သွားတဲ့ မျက်ဆံညိုတွေနှင့်အတူ
အနိုင်နှလုံးသားလည်း ကပ်ညှိပါသွားသယောင်။

" ကျွန်တော် အမြဲတမ်းမရင့်ကျက်နိုင်ဘူးဆိုတာ သိပါတယ်။ ရည်းစားတွေအများကြီးလည်းထားဖူးတယ်။
အချစ်ဦးက ကေးမဟုတ်ပေမဲ့ အချစ်ဆုံးကတော့ကေးပါ။ လောကမှာ ကျွန်တော်မလုပ်နိုင်သေးတဲ့ အလုပ်တွေအများကြီးရှိတာ သိပေမဲ့ မင်းအတွက်ဆိုရင် ပိုရင့်ကျက် ပိုကာကွယ်နိုင်အောင် ကြိုးစားပေးနိုင်ပါတယ်"

ကေးမျက်နှာရဲရဲနီစွေးသွားပြီး အိပ်ယာထပ်က အနိုင့်ကို ခပ်မော့မော့လေးကြည့်လာတဲ့အချိန် အနိုင် ပေါင်ပေါ်တင်ထားတဲ့ ကေးလက်တွေကို ဆုပ်ကိုင်လိုက်မိသည်။

" မပြန်ပါနဲ့လားကေးရယ် ကျွန်တော် မင်းကို မခွဲချင်ဘူး"

"မဟုတ်ဘူး ၊ကျွန်တော် ပြန်ကိုပြန်ရဦးမှာပါ "

အနိုင် ကေးကိုကြည့်ရင်း မျက်ရည်တွေ ဝိုင်းလာတာမို့ ကေးရင်ထဲမဆီမဆိုင် အောင့်သက်သွားရ၏။

ဦးစိုင်းအကို.   ဦးကြီးစိုင်းကျော်ထွန်း၏ လူသတ်မူ့ကြောင့် သုခုမ စံအိမ်ကို ပြန်လည်စစ်ဆေးကြရာ
အနိုင့်ကိုဝင်ပူးပြီးပြောသလိုပင် အနောက်ဖက် စံပယ်ခြုံတွေ‌ရဲ့အောက်မှာ ဦးစိုင်းမြတ်မောင် ဟု ယူဆရတဲ့
အရိုးစု တစ်ခုရယ်၊ အိမ်မြေအောက်ခန်းထဲက ဘဒင်ဟု ယူဆရတဲ့ အရိုးစုရယ်ကြောင့် သေမူ့သေခင်းအဖြစ် ဆယ်နှစ်ကျော်ကြာအောင် တိမ်မြုပ်နေခဲ့တဲ့ အမူ့တစ်ခုအဖြစ် ပြန်လည် စစ်ဆေးခဲ့ကြသည်။

အဲ့ဒီမှာ လွန်ခဲ့တဲ့ဆယ်နှစ်က  ဦးဘဒင်ရဲ့ မိဘတွေမှတစ်ဆင့် ပျောက်ဆုံးမူ့ကို တိုင်တန်းထား သောကြောင့်  စစ်ဆေးမူ့ပြုကြရာ
ဦးခေါင်းတွင် ပြင်းထန်စွာ ထုရိုက်ခံထားရကြောင်း
တွေ့ရ၏။

ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျားWhere stories live. Discover now