အိပ်ယာက နိုးနိုးခြင်း ကေး မျက်လုံးတွေ ဖွင့်မရအောင် တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေခဲ့သည်။
သွေးလေ ထုံထိုင်းဆဲကာလမို့ ဘာဖြစ်ခဲ့သလဲဆိုတာ အတော်လေး စဉ်းစားခဲ့ရပြီးနောက်
ထိတ်လန့်တကြားဖျတ်ခနဲထထိုင်လိုက်၏။သူရောက်နေတဲ့နေရာသည် အိပ်ခန်းကျယ်တစ်ခု၊
နံရံက ချိတ်မှာ စီချိတ်ထားသော ဦးထုတ် သုံးလုံး အပြင် laptop တင်ထားသော စားပွဲ နှင့် မဂ္ဂဇင်းစာအုပ်တချို့၊၊ သူလူတစ်ယောက်ရဲ့ အိမ်မှာ ရောက်နေတာသေချာပြီ။ ထိုသူက မင်းသတိုးတော့မဟုတ်။"အနိုင်"
ကေး စောင်ကိုဖယ်လိုက်တော့ ဘာမှဝတ်မထားကိုယ်လုံးကြောင့် ကေး စိတ်လှုပ်ရှားသွား၏။
အိပ်ယာဘေးမှာ ခေါက်လျက်သား ရှိနေဆဲ
အဝတ်တချို့ကိုယူဝတ်ပြီးနောက် သူ ဘာလုပ်ရမှန်းမသိအောင်အတွေးများ နေ၏။ ဘယ်သူမှမရှိခင် သူထွက်ပြေးရမလား၊ ဒါမှမဟုတ်ရင်ဖြစ်လာတဲ့ပြဿနာကို သူရင်ဆိုင်ရမလား။သူယောက်ျားတစ်ယောက်မဟုတ်ပေဘူးလား၊
လုပ်ရဲရင်ခံရဲရမှာပေါ့။ ကုတင်ထောင့်စွန်းမှာ ထိုင်ချရင်း သူခေါင်းငိုက်စိုက်ကျသွား၏။ညက ဘာဖြစ်ခဲ့သလဲ မသိရအောင်
သူမြန်မာကားရိုက်နေတာမဟုတ်ပေ။မင်းသတိုး ခတ်လိုက်တဲ့ဆေးက စိတ်ကြွ မူးရစ်ဆေး။
ဆေးခတ်ကာစက တစ်ကိုယ်လုံး ပျော့ခွေ အသိစိတ်ပျောက်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဆေးအာနိသင် အစစ်က စပြလာတာဖြစ်သည်။မနေ့ညက ဝေဝေဝါးဝါး တဏှာရာဂ အကြောင်းတွေးမိတော့ ကေး မျက်ရည်တချို့ရစ်ဝိုင်းလာခဲ့သည်။
သူဘယ်သောအခါမှ လွန်ကြူးတဲ့ လိင်ပိုင်းဆိုင်ရာ ထကြွသူမဟုတ်ခဲ့ပါ။ အနိုင်မဟုတ်ပဲ တခြားတစ်ယောက်ယောက်ဆိုရင်တောင်မှ ဖြေရှင်းမရတဲ့ ပြဿနာတွေအများကြီးရှိလာဦးမည်။
သူ့ကိုစိတ်ဝင်စားနေပါတယ်ဆိုတဲ့ယောက်ျားတစ်ယောက် ကို ငြင်းခဲ့ပေမဲ့ အလိုမတူပဲ ထကြွခဲ့တဲ့ လိင်စိတ်ကြောင့် မုဒိန်းသမားတစ်ယောက်အလား အခွင့်အရေးယူမိသည်။
သူဘယ်လိုမျက်နှာ ပြရပါ့မလဲ။
"နိုးလာပြီလား"