7

7.1K 879 34
                                    

"ညိုကြီး လိမ်လိမ်မာမာနေကွာ။ ငါစိတ်ချမယ်နော်"

ညိုကြီး အမြှီးလေးရမ်းကာ သူ့နားကပ်လာတာမို့ လည်ပင်းသိုင်းဖက်ကာ နှုတ်ဆက်မိသည်။
တစ်ဦးတည်းသော သံယောဇဉ် တွယ်တာရာဆိုလို့ ဒီညိုကြီးတစ်ကောင်ပဲ ရှိတော့တာမို့လား။

လိုအပ်တာတွေ စီစဉ်ပေးပြီး စိတ်ချရတဲ့ဆီအပ်ခဲ့ရပေမဲ့ နောက်ဆံတင်းနေမိသည်။
ရွာမှာကြာကြာနေလို့က မဖြစ်တော့ပေ။
အောင်ရွှေ ကို အိုက်မောင်းနဲ့ရန်တိုက်ထားသလိုဖြစ်တော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဟု ကြွေးကြော်ခံထားရသည်။ ရွာထဲထိ ဇောင်းမကြွရဲတာကြောင့် ဘာမှမဖြစ်ဟု တရားသေပြော၍ မရ။

စိုးကျော်ကလည်း ဟိုးနေ့ကရွာထဲထိပ်တိုက်စုံတော့ မထိခလုတ်ထိခလုတ်နဲ့ ရန်စသည်။

တစ်ပွဲတစ်လမ်းကဖြစ်တော့မှာမို့ သူ့ဖက်က မတုနိုင်သ၍ ရှောင်တာအကောင်းဆုံးဖြစ်မည်။

"တူဖြစ်တုန်းတော့ ထုထားပေအုံးပေါ့ကွာ"

မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့ သူတွေ ။
စိတ်နာစွာရွာဖက်လှည့်ကြည့်ပြီး ချက်ချင်းအိတ်ဆွဲကာထွက်ခဲ့လိုက်သည်။

ချစ်စမ်းမောင်၏ ပွဲစားနာမည်ကဒေါ်ချိုလို့ပြောသံကြာဖူးတာပဲ။ ဟိုရောက်အောင်ပို့ပေးမယ် ဆယ်သိန်းပေးရမယ်ပြောလို့ အိတ်ထဲထည့်လာတဲ့ငွေအိတ်က
အားလုံးပေါင်းမှာ ဆယ့်ခုနှစ်သိန်း။
ဆယ်သိန်းပေးလိုက်ရင် ခုနှစ်သိန်းကျန်မယ်။

ဘာမှန်းမသိတဲ့အခြေအနေမှာ နှစ်ယောက်သားကောင်းကောင်းတောင်မအိပ်နိုင်။
အိတ်ပိုက်ကာ တစ်ယောက်တစ်လှည့်ကင်းစောင့်အိပ်ရသည်။ အပေါ့အသွားတာတောင် အိတ်ယူကာ အထဲဝင်ရတာမို့ တစ်လမ်းလုံးပင်ပန်းတာထက်ပိုရ၏။
ချစ်စမ်းမောင်က ချမ်းမြေ့ထက်စာရင် ခရီးသွားဘာညာအတွေ့အကြုံရှိတော့အစစအရာရာသူဦးဆောင်သည်။  ရန်ကုန်ကိုရောက်တော့ ဒေါ်ချိုဆိုတဲ့မိန်းမကြီး ကားဂိတ်ကို လာကြိုသည်။

ခုမှမြင်ဖူးပေမဲ့ ပထမဦးဆုံးခံစားချက်က
လိုတာထက်ပိုနေတဲ့အပြုံးတွေဖြစ်၏။

" ချစ်စမ်းမောင်ဆိုတာလား"

"ဟုတ်ကဲ့ဗျ ။ ဒါကျွန်တော်သူ့ငယ်ချင်း ချမ်းမြေ့"

ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျားWhere stories live. Discover now