ရှုပ်ယှက်ခတ်နေတဲ့လမ်းမကြီး ပေါ်ကိုကြည့်ရင်း အနိုင် ခေါင်းကိုက်လာသည်။
နေ ကမကျသေးတာမို့ ဘာလုပ်လုပ် ချွေးတစီစီနှင့်
အပူလောင်ကာ အနိုင်မျက်နှာကြီးရဲဖောက်နေတဲ့ ကြားက မရပ်မနား အလုပ်ကိုစိတ်နှစ်ထားမိသည်။သူ့အလုပ်က အနုပညာအလုပ်မို့ နေပူသည်မိုးရွာသည် ရွေးမရပါ။
သဘာဝတရားကြီးထဲကမှ အလှပဆုံးအရာကို ရွေးချယ်ယူရတာကြောင့် အချိန်နေအချိန်ခါ ကို စောင့်ဆိုင်း၍ မဖြစ်။" ကိုနိုင် "
တက်သစ်စ မင်းသမီးတစ်ယောက်ရဲ့ အခေါ်ကြားမှ
သူ့ကင်မရာကနေ ခေါင်းခွာမိသည်။ မြတ်လေးပန်းဆိုတဲ့ မိန်းကလေးက ဒီနှစ်ထဲမှ စ ဝင်လာသည့်တိုင်အောင် လှပသောရုပ်ရည် အပြုံးချိုချိုတို့ကြောင့်
ပရိတ်သတ် အချို့ကလက်ခံပေးနေပြီဖြစ်သည်။" အဆင်ပြေတယ်မြတ်လေး"
တင်းထားသမျှပြေလျော့သွားတဲ့ ပုံကြောင့် ရယ်မောပြီး သူရိုက်ထားသမျှ ကို ပြလိုက်တော့ ပင်ပန်းရကျိုးနပ်အောင်ကို အကုန်လှနေသည်။
"တကယ်လှတာပဲ ကိုနိုင်ရယ်။မြတ်လေး လိုချင်တဲ့
အနေအထားနဲ့ကွက်တိပဲ "" အိုခေ ဒါဆို ဒီနေ့ ဒီလောက်ပဲလေ ။ ကိုရဲကို ဆိုင်မှာ လုပ်ခိုင်းစရာ ကိစ္စလေး...ခဏ မြတ်လေး"
ပြောနေရင်း ဖြတ်ခနဲတွေ့လိုက်ရတဲ့အရိပ်ကလေး ကြောင့် အနိုင့်စကားတွေဆက်မပြောနိုင်ပဲ ရပ်သွား၏။ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်း လမ်းတစ်ဖက်မှာ
ဘေးတစောင်းကျကျရပ်နေတဲ့ယောက်ျားလေးတစ်ယောက်။ အနက်ရောင်အကွက်စိတ်ရှပ်ကို ကျကျနန ဝတ်မထားသည့်တိုင်အောင် ဒီကောင်လေးကို သူဘယ်လောက်ကြာကြာမေ့နေမှာမဟုတ်တာသေချာသည်။မီးစိမ်းသွားတာမို့ လူတချို့ လမ်းဖြတ်ကူးနေပြီဖြစ်သည် မြတ်လေးပန်းကို လက်ကာပြရင်း အလောတကြီး ကားလမ်းကို ဖြတ်ကူးလိုက်တဲ့အခါ
သူတွေ့ချင်တဲ့သူက သူ့ကိုခုထိမမြင်သေးပဲ လှည့်ထွက်သွားတာတွေ့၏အနိုင်ရှက်မနေပါ။
သူလူအများကြားကပဲ ပြေးလိုက်ပြီး လက်ကိုလှမ်းဆွဲလိုက်သည်။