"မင်း ငါနဲ့ လိုက်ချင်လား"
ကိုစိုင်းသော်တာမြင့် စကားကြောင့် ရဲရင့်ကျော်မျက်လုံးပြူး ရပြန်သည်။အစက ဒီလောက်ထိ ဖြစ်သွားမယ်မထင်လို့ ပေးတွေ့ခဲ့သော်ငြား တကယ်ကြီး သဘောကျနေတာတွေ့တော့ မယုံနိုင်ပြန်။ ၁၃နှစ်ကျော်ကျော်အရွယ်ကို မွေးစားမယ် ဆိုတာက ဘယ်လိုမှ ကိုစိုင်းအတွက် မဖြစ်နိုင်တာတော့အမှန်။
" ကိုစိုင်း အတည်ကြီးလား။ သူအရွယ်ရောက်နေပြီနော်"
ဗမာစကားပြောနေတာကြောင့် ဆေးရုံဆင်းခါစ
ချမ်းမြေ့လည်းကြားနေရပြန်သည်။
ကိုစိုင်းသော်တာမြင့်ဆိုတဲ့ဗမာနာမည်က ထိုအမျိုးသားနှင့်တကယ်လိုက်ဖက်ပေသည်။ အသက်
သုံးဆယ့်ရှစ်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ်ဘူးဆိုပေမဲ့ သူ့အဖေဖြစ်ဖို့တော့ အဆင်မပြေသေးပါ။သူ့ကိုအကဲခတ်နေတဲ့အကြည့်တွေက တည်ငြိမ်လွန်းတာမို့ သူလိုက်သွားရင် မမှားနိုင်ဘူးဟု အသိစိတ်တွေက အသိပေးနေသည်။
နှစ်ယောက်သားတန်ပြန်ကြည့်နေတဲ့ အကြည့်တွေကြားမှာ ရဲရင့်ကျော် တစ်ယောက်ထဲချွေးပြန်နေရပြီ။ ကယ်ခဲ့တစ်ယောက်ကလည်း လာ လား ချည်သေး။
ကိုစိုင်းသဘောကျ တာတော့ မတားလိုပါ၊ ခုလောလောဆယ် ချက်ချင်း ဆုံးဖြတ်ဖို့တော့ စောလွန်းသေးသည်။အသံတိတ်သွားတဲ့အချိန် ကိုစိုင်း၏ ပီပီသသ မဟုတ်တဲ့ မြန်မာအသံဝဲဝဲက ထပ်ထွက်လာ၏။
" မင်းစဉ်းစားချင်သေးလား"
ချမ်းမြေ့ သက်ပြင်းချကာ ထိုဦးလေးဆီကနေ အကြည့်လွဲ၏။
" စဉ်းစားစရာမှမလိုတာ ။ "
" ငါနဲ့ လိုက်ရင် ကောင်းကောင်းတော့စားရမယ် ။ ဒါပေမဲ့ကောင်းကောင်းနေဖို့မသေချာဘူး။ ဘာလို့လဲသိလား"
ချမ်းမြေ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ကာ
" ငါ့သားလုပ်မဲ့သူက ငါ့ထက်ညံ့လို့မဖြစ်ဘူး။"
ရင်ဘတ်ထဲ ဖျင်းခနဲ နေအောင် စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။
သား ဆိုပါလား။
သူ့ဘဝ မိဘမဲ့ ဖြစ်ပြီးကတည်းက
မလုံခြုံခဲ့တာ ကြာပြီ။ ဒီအချိန်မှာ မှန်သောစကားပြောရရင် ထိုလူ့ကို အလုံးစုံ ထိုစကားတစ်ခွန်းကြောင့် ယုံကြည်လိုက်နိုင်တာဖြစ်၏။

YOU ARE READING
ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျား
Любовные романыချမ်းမြေ့အောင်တင်+ သော်တည်ဘုန်းနိုင်နိုင်