"ကေး...ရေယူပေး"
Laptop တစ်လုံးစီနှင့်အလုပ်ရှုပ်နေတာခြင်းအတူတူ
ကေးဖက်မသိမသာလေး လှည့်ကာ ဆူပုတ်ပြောလာတာမို့ ပေါင်ပေါ်တင်ထားတာကို ချ၍ အိပ်ယာပေါ်ကနေ ဆင်းလိုက်ရသည်။"ရော့"
ရေဘူးကအစ ကေးက စနစ်တကျ တစ်ယောက်တစ်ဘူး အတူဝယ်ထားပေမဲ့ အနိုင် ညစ်ပက်အိုးက ကေးမသိရင်မသိသလို ယူယူသောက်တတ်တိုင်း ရန်ဖြစ်ရသည်။ ဒါလည်း အမှတ်မရှိပါလေ။ တစ်ခါတစ်လေ အနိုင် ဘာလို့ ငယ်ငယ်တုန်းကလို မဟုတ်တော့တာလဲဆိုတာ မစဉ်းစားနိုင်တော့ပါ။
" ဟာ ရေခဲရေ လည်းမဟုတ်ဘူး"
"ဘာရေခဲရေလဲ၊ ခင်ဗျား နေကောင်းပျောက်တာတောင်မှကြာသေးတာမဟုတ်ဘူး"
အနိုင်က သူ့လက်ထဲက ရေဘူးကို အဖုံးပြန်ပိတ်ကာ
မကျေမနပ်ပြန်ချသည်။
ကေးက ဆတ်ခနဲ ပြန်ယူဖွင့်ပေးပြီး" ရေဆာတယ်ပြောပြီး ဘာလို့နည်းနည်းပဲသောက်တာလဲ၊ ရော့ထပ်သောက်ဦး ဘုန်းနိုင်နိုင် ကလေးလည်းမဟုတ်ပဲနေရာတကာ စိတ်ဆိုးစိတ်ကောက်တွေချည်းပဲ ခဏခဏ လုပ်နော် "
ကေး သူပူအော်ဟစ်သံအဆုံးမှာ အနိုင်က ရေဘူးကို ယူကာ တစ်ဝက်လောက်မရပ်မနားမော့သောက်ကာအရွဲ့တိုက်ပြသည်။ ကေး မျက်မှောင် တွန့်ကုတ်သွားကာ အနိုင့်ကို သဘောမကျသလို တင်းတင်းကြည့်လိုက်သည်မို့ မျက်စောင်းတစ်ခု ရောက်လာ၏။
ပြန်လည် တုန့်ပြန်တတ်တဲ့ အနိုင်ရဲ့ အကျင့်တွေကို
အမြင်ကပ်တာကြောင့် လည်ပင်းကနေချုပ်၍ အားရပါးရ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တော့
အော်သံတွေက ညံခနဲ။"ကေး...မင်း သေချင်တာလား"
"ခင်ဗျား ဘာလို့ မျက်စောင်းထိုးလဲဗျာ...ကဲဟာ ပြန်ပြန် အရွဲ့တိုက်တတ်အုံး"
"ဟာ... ကေး မင်း နော်"
"အား .. အနိုင် ခင်ဗျားလွှတ်နော် ။ အားလားလား သေပါပြီ"
ကေးလက်ကိုအတင်းဆွဲ၍ ကိုက်ပစ်လိုက်တာမို့ လက်ခုံမှာ သွားရာက အကွင်းလိုက်ပေါ်လာ၏။
မချိုမချဉ်မျက်နှာကို ပြန်ကြည့်ရင်း ကေးရင်ထဲမခံချင်အောင် စိတ်ဆိုးလွန်း၍ ကိုက်ခံထားရတဲ့လက်ကိုမြှောက်ပြီး