"ကိုရဲ လာပါဦး"
"လာပြီ ကိုနိုင်ရေ...ပြောအာစရိ ဘာခိုင်းမလို့လဲ"
"အင်ကြင်းမေ လာရင် ဒီအိတ်ကလေး ပေးလိုက် ။
ကေး sneakers shop က လက်ဆောင်လို့ပြောပေး ။ ဆိုင်က ငါ့ရည်းစားဆိုင်က ၊အသစ်ဖွင့်တာမလို့ ကူညီပေးဦးလို့..သေချာပြောနော်..., onlineမှာလည်း ဆိုင်page ရှိတယ်။ ကေးက ဗမာလိုကေးနော် ""ဟုတ်ကဲ့"
လာသမျှ မော်ဒယ်မလေးတွေရဲ့ ဖိနပ်ဆိုဒ်တွေမေး ။
သူ့ရည်စားဆိုင်က ဖိနပ်တွေ မ လာလိုက်၊သူ့ပေးခိုင်းလိုက်နဲ့ တစ်နေ့လုံး အလုပ်လုပ်တာနည်းနည်း။ကိုရဲ သူ့လက်ထဲရောက်လာတဲ့ ပါကင်လှလှဖိနပ်ဘူးကိုကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။
ကြာရင် ကိုနိုင် မလွယ်ဘူး။ နာမည်ရနေတဲ့ဆိုင်မို့လို့သာပဲ။ အလုပ်လုပ်နေရင်းဖုန်းလေးတစ်ကိုင်ကိုင်နဲ့
ရည်းစားဆီမက်ဆေ့လေးက ပို့သေး။"ဟိတ်ကောင် "
"ဗျာ"
"ဘာရပ်လုပ်နေတာလဲ။ "
"ဘာမှမလုပ်ဘူး သွားပြီ"
အင်ကြင်းမေလာတော့ ဖိနပ်လက်ဆောင်ပေးလိုက်သည်။ အသစ်ထွက်တဲ့ဒီဇိုင်းဆိုပေမဲ့ ခြောက်သောင်းလောက်သာရှိတဲ့ဈေးမို့ အမျိုးမျိုးစီးတတ်တဲ့မော်ဒယ်ပေါက်စလေးတွေအတွက်ကတော့ ဝမ်းသာစရာပင်။
အချင်းချင်းမို့ ဆိုင်pageကိုရှယ်ကာ သေချာ ကြော်ငြာပေးကြတာမို့ ရက်ပိုင်းအတွင်းလူနည်းနည်းသိလာသည်။
ကေးကိုလည်း ကိုရဲ ညီတစ်ဝမ်းကွဲ လပြည့် ဆိုတဲ့ကောင်လေး ခေါ်ပေးလိုက်သည်။
အနိုင်က ဒီဖက် လောကသားမို့ မိတ်ရော လူရော ပေါကာ အစစအရာရာ စီမံနိုင်သည်။ ငနောင် ဆိုင်ခန်းနေရာက လူစည်ကာ အချက်အချာကျတာကြောင့် စစဖွင့်ခြင်းနေ့ကတည်းက ရောင်းအားမဆိုးပေ။ကလင် ကလင်
ဖုန်းမြည်သံကြောင့် ဓာတ်ပုံပြင်နေရာမှ
အနိုင် ပြုံးမိသွားသည်။"အွန်း ကိုကို ပြော"
"ဘာလုပ်နေတာလဲ။ အားရဲ့လား"
ကိုကိုဆိုတဲ့အခေါ်အဝေါ်က အနိုင်နှုတ်က ခေါ်ဖို့မခက်တော့တာမို့ ကေးအကြိုက် မကြာမကြာခေါ်ဖြစ်သည်။
![](https://img.wattpad.com/cover/359511250-288-k117516.jpg)