" gay စုံတွဲကို မမြင်ဘူးလို့လား"
"ဟင်"
အနိုင်ကို ပြေးရှာမဲ့ ခြေလှမ်းတွေ သံမှိုဆွဲထားသလို လှုပ်မရတော့ပါ။
ဦးစိုင်းက အထုတ်တချို့ကိုဆွဲကာ သူ့ဘေးကိုဘယ်ချိန်ကရပ်နေမှန်းမသိချေ။ သူမော့ကြည့်တော့ ဦးစိုင်းကရှေ့ကိုမေး ပြန်ငေါ့ပြတာ ကြောင့် ပြန်ကြည့်မိသည်။ ကျန်နေခဲ့တဲ့စုံတွဲက စကားများတော့မည့်ဟန် အထင်သားမြင်နေရတာမို့ သူမျက်မှောင်ကြုံ့သွားသည် ။ နှစ်ယောက်လုံးချောချောလှလှလေးတွေဖြစ်တာကြောင့် ခေါင်းထဲမှာ အနိုင်က gayဆိုတာကြီးကို လက်ခံလို့မရသလိုတင်းကြပ်လာ၏။ရွာမှာမြင်လေ့မြင်ထမရှိတဲ့ ဂေးဆိုတဲ့ဝေါဟာရက ဒီမှာတော့ ထူးခြားမနေတဲ့ပုံပင်။ ကိုယ့်အနီးနားမြင်ကွင်းတွေမှာ မကြာမကြာတွေ့ရတတ်ပေမဲ့ ကိုယ်နဲ့မဆိုင်တာကြောင့် ရင်ထဲဘယ်လိုမှမနေခဲ့ ပေ။ ဒါပေမဲ့ အနိုင်ကတော့မတူပါ။ အနိုင်ထွက်သွားပြီး ကျန်ခဲ့တဲ့ ကောင်က ကောင်မလေးငိုတော့ စိတ်ပျက်သလို ကျစ်ခနဲ လုပ်လိုက်သေးသည်။" အထီးကြိုက်တာလိုလို အမကြိုက်တာလိုလိုနဲ့ နှစ်ပင်လိမ်လုပ်နေတာ စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ခါတစ်လေ ဒင်းတို့လို ကောင်တွေကြောင့် အချစ်ကတန်ဖိုးမဲ့သွားတော့တာ နှမြောစရာ"
" သူတို့က စုံတွဲတွေလား"
" မင်းမြင်ရက်နဲ့ မသိတာလား "
" သိသလိုလို မသိလိုလို"
သူခေါင်းငုံ့ကာပြောတော့သူအသံကခပ်တိုးတိုးသာထွက်သည်။
ဦးစိုင်းက ကျစ်ခနဲ စုတ်သပ်၍
သူ့ခေါင်းကိုထိုးဖွ၏။ သူများကိုင်တာမကြိုက်ပေမဲ့ဦးစိုင်းမို့မည်သည့်စကားမှမဆိုလိုက်ပါ။သူများအကြောင်းတွေပြောရတာသိပ်မကြိုက်တဲ့ဦးစိုင်းက အထုတ်တွေနဲ့ သူရှေ့ကနေ ထွက်သွား၏။
နောက်ကလိုက်နေသည့်တိုင် သူ့နှလုံးသားက အနည်းငယ်နာကျင်နေသလိုခံစားလိုက်ရသည်။အနိုင်ကို ထိုသို့သောပုံစံမျိုးနဲ့ မြင်လိုက်ရတာကို လက်မခံနိုင်ဖြစ်နေသလား ။
ဒါမှမဟုတ် အနိုင်းဂေးဆိုတာကို ရှက်မိနေတာလား။