ဒီနေ့ ရှားရှားပါးပါး နားရက်လေးမို့
ရုံးခန်းမှာပင် ဟိုအချေကိုယ်တော်လေးရဲ့
ကိုယ်တိုင် ချောင်းရိုက် ဓာတ်ပုံလေးတွေကို သေချာဆေးနေမိသည်။ ချောင်းရိုက်လို့သုံးပြီးမှ ကိုယ့်အတွေးနဲ့ကိုယ်ရှက်ကာ တဟဲဟဲရယ်မိသေးသည်။
ရည်းစားတွေထည်လဲတွဲဘူးပေမဲ့ ဒီလို အငြိမ်ဇယားလေးတော့မတွဲဘူးသေးပေ။ ကိုယ့်ဆီက ချူစားရင်စား မဟုတ်ရင် ပလေးဘွိုင်းနဲ့တွေ့ရင်တွေ့ ၊ဟင်း...
သူ့အချစ်ရေးကလည်း အိမ်ကိုကလန်ကဆန်လုပ်လို့လားမသိ ၊မြဲတဲ့ လက်တွဲဖော်ကိုမတွေ့ဖူးသေးတာပါ။ဘာပဲပြောပြော အသက်က နှစ်ဆယ့်လေးထဲဝင်လာပြီဆိုတော့ တစ်ယောက်ဆိုတစ်ယောက်လေးနဲ့
ခြေညိမ်ချင်မိသည်။တကယ်ဆို စည်းကမ်းကြီးတဲ့ဖခင်ကြောင့် သူ့ဘဝ ဒီလောက်လွတ်လပ်ဖို့မလွယ်။
နောက်အိမ်ထောင်ပြုပြီးရတဲ့ကလေးတွေနဲ့ သူက
နည်းနည်းမှအဆင်မပြေသလို သူကိုယ်တိုင်လည်း ဘေးရောက်နေသလိုခံစားခဲ့ရသည်။ ပုန်ကန်တက်တဲ့အရွယ် မှာ ဖခင်ဖြစ်သူနဲ့ပိုဝေးကွာလာပြီးနောက်
အဖေဘာပြောပြော သူ အရွဲ့တိုက်လာသည်။ဆယ်ကျော်သက်အရွယ် အထက်တန်းပြီးနောက်မှာ ယောက်ျားလေးရည်းစားကို ပထမဦးဆုံးစတင်ထားရှိခဲ့သည်။ ဖေဖေ သိပြီးနောက်မှာ အရိုက်ခံရတာကြောင့် သေမလို ဖြစ်ကာ ဆေးရုံရောက်ခဲ့ရသည်
ချစ်လှချည်မဟုတ်ပေမဲ့ လက်တည့်စမ်းတဲ့အရွယ်မို့
ဖေဖေဘာပြောပြောလက်သင့်မခံသလို စကားလည်းမပြောတော့ပေ။
ရိုက်လိုက်နှက်လိုက်ဖြင့် ထိုရည်းစားနဲ့ကွဲကွာပြီးနောက် ဖေဖေဖက်က ငြိမ်သွားပေမဲ့ သူကတော့ ပိုဆိုးလာခဲ့သည်။ နောက်ရည်းစားတွေထပ်ထားတော့ ဖေဖေသိအောင်တစ်မျိုး မသိအောင်တစ်မျိုး လုပ်ခဲ့ပေမဲ့နောင်တတော့မရပေ။ ဆူလိုက်ပူလိုက်ရိုက်လိုက်နှင့် ငါးနှစ်ကြာပြီးနောက်မှာတော့ ဒါကိုလက်ခံလိုက်ပြီဟု သက်မှတ်ရမလို ဖေဖေ့ဖက်က တားမြစ်တာမျိုး လုပ်မလာတော့ပေ။အန်တီလေးကတော့ သူဖက်ကဖွင့်ချလိုက်ပြီးနောက်
စကားဟဟမပြောသလို သူ့သားတွေကိုလည်း သူနဲ့အပေါင်းမခံတော့တာ အမှတ်တရပင်။
