" ကေး မြန်မာပြည်ကို ခဏပြန်"
"ဟင်"
ထင်မထားတဲ့စကားကြောင့်ကေးမျက်နှာပျက်သွားတာကိုမြင်လိုက်ရသည်။ ကေးအထင်လွဲသွားတယ်ထင်တာမို့ အလျှင်အမြန်ပင်
" ဦးစိုင်းပြောတာ ခဏပဲပြန်ဖို့ ။ ဒီဖက်မှာ
ဦးစိုင်းရှင်းမပြနိုင်တဲ့ ကိစ္စတွေ ရှိနေတယ်။ ကေးပါဝင်ပတ်သက်လို့မရဘူး။ ခဏဖြစ်ဖြစ်မြန်မာပြည်ကို ပြန်ရင်း ဦးစိုင်းအလုပ်တွေ ကြီးကြပ်ပေး"" ဘာလို့လဲ။ ဘာတွေအရေးကြီးနေလို့လဲ။ "
ကေးမျက်နှာငိုတော့မည့်ပုံမို့ စိုင်းသော်တာမြင့် သက်ပြင်းချရသည်။ကေးက သူ့ကိုတွယ်ကပ်လွန်းတာကြောင့်ပိုပိုပြီး စိတ်မချဖြစ်ရသည်။
" ဦးစိုင်းပြောတာ ကေးနားမလည်ဘူးလား"
"မဟုတ်ဘူးကျွန်တော်..."
"နောက်အပတ်နေရင် သွားဖို့ အဆင်သင့်လုပ်ထားလိုက်ကေး။ ခဏပဲ။ ခြောက်လလောက်ပဲ သီးခံပေး"
ဒီရက်ပိုင်းဦးစိုင်းဘာတွေအလုပ်ရှုပ်နေမှန်းမသိပါ။
ဘင်လည်းအတူတူပင်။ သူ့အလုပ်တွေနားလိုက်ရသည်မို့အိမ်မှာယောင်ချာချာ။ တစ်နှစ်ကျော်နီးပါး ဆိုင်မှာ သွားနေခဲ့ရသလိုဖြစ်တာကြောင့် သူ့မှာ
သံယောဇဉ်တောင်မှဖြစ်နေပါပြီ။ သူဘယ်လောက်ငယ်ငယ် ၊သူဌေးသားအမည်ခံခံ ၊ဆိုင်ရောက်ရင်
လက်အိတ်စွပ်ကာ ဖုန်သုတ်အလှဆင် သေချာ လုပ်သည်။ လချုပ်စာရင်းတွေကိုလည်း သေချာစစ်ကာ
ဈေးဝယ်လာသမျှသူကိုလည်းဝန်ထမ်းတွေမအားရင် စိတ်ရှည်လက်ရှည် ကိုယ်တိုင်ရှင်းပြပေးတက်သည်။
အစက အဆင်မပြေခဲ့တဲ့အလုပ်သမားတွေကိုယ်တိုင်
ကြာကြာပေါင်းမှ သူအ ပြောဆိုးပေမဲ့စိတ်ရင်းကောင်းတာ နားလည်သွားကာ ဘာမှခိုင်းစရာ မလိုအောင် သူ့အကြိုက်ကို သိလာ၏။သွားမဲ့နေ့ရောက်တော့ ဦးစိုင်းလိုက်မပို့တာကြောင့် သူ့မျက်နှာမှုန်ကုတ်နေ၏။ ဘင်က ဦးစိုင်းမအားလို့လိုက်မပို့တာဟုပြောပေမဲ့ သူကတော့ မယုံပါ။
"ဘင် ဦးစိုင်းကို သေချာဂရုစိုက်ဦး။ ဒီရက်ပိုင်း တစ်မျိုးဖြစ်နေသလားလို့"
