13

5K 576 32
                                    

"ကေး ဒါက စောမြချစ်၊ ဒါက ကြည်သာဦး။ ကျွန်တော့်သူငယ်ချင်းတွေ "

အပေါင်းအသင်းမများတဲ့ ကေးဟာ လူမူ့ရေးမှာ အနည်းငယ်ညံ့ဖျင်းပေမဲ့ တွေ့တဲ့သူနဲ့အဆင်ပြေအောင်တော့ပေါင်းနိုင်ပါသည်။ ချွင်းချက်အနေနဲ့
အနိုင်ရဲ့ သူငယ်ချင်းတွေတော့မပါပေ။ သို့သော် အနိုင်ရဲ့ရွယ်တူ မိတ်ဆွေတွေ မို့ သူ့ထက် ၇နှစ် ကြီးမည်ထင်ရ၍ အတက်နိုင်ဆုံး ပြုံး၍ခေါင်းညိတ်ပြရ၏။

" ကေး နော် နာမည်က အဆန်းပဲ။ "

စောမြချစ်က အနိုင့်ဖက်ကို မသိမသာနှာ ခေါင်းရှုံ့ပြသည်။ ကြည်သာဦးကလည်း ဘာလို့ခေါ်မိတ်ဆက်ပေးမှန်းသိတော့ ရုပ်ကပြုံးစိစိ။ အနိုင်ကလည်း အနိုင်ပင်။ ကိုယ်နဲ့ ဘာမှမဆိုင်ပေမဲ့ ဖိတ်စာ တစ်ခြမ်းရိုက်ကာ တကူးတက ခေါ်မိတ်ဆက်ပေးမိသည်။

ကိုယ်တော်အချေက သူဖုန်းဆက်ခေါ်တော့ မလာချင်သလို အင်တင်တင်။ အနိုင်တဲ့ တစ်နိုင်ပဲ ရှိမည်။ မရရအောင်ခေါ်တော့ ရောက်လာရတာပဲမို့လား။

" ဟုတ် ။ ကျွန်တော် ဦးလေး ဦးစိုင်းပေးထားတာပါ "

"ဦးစိုင်း ဆိုလို့ အန်ကယ်ဦးခင်ထွေးပြောတာကြားဖူးလို့လေ ၊ ဦးစိုင်းက ရှမ်းဆို ဟုတ်လား ။ အစောက လည်းတိုင်းရင်းသူလေ။ ဒါပေမဲ့ သူက ရှမ်းစပ်ရုံပဲ ၊အန်တီ စောစန္ဒာ ကသာ တိုင်းရင်းသူအစစ်"

" ဟုတ် ဦးစိုင်းလည်း ကပြားပါပဲ ။ ဦးလေးဆိုပေမဲ့ ကျွန်တော်က သူ့အကြောင်းတွေသိပ်မသိဘူး။ "

ကေးက စောမြချစ် အိမ်ဖက်ကို ဒီတိုင်းထလာပုံပင်။ အနည်းငယ်နွမ်းနေတဲ့ အိမ်နေရင်းဝတ် တီရှပ် အညိုကို ဝတ်ထားတာမို့ အနိုင်မျက်လုံးထဲမှာ သနားချစ်ခင်စရာလေးဖြစ်၍ နေပါ၏။

" ကေးကို ပြောမလို့ ။ လာမဲ့ Sunday မှာ ကျွန်တော်တို့ ခရီးတို တစ်ခု ထွက်စရာရှိတယ်။ စောမြချစ်က ကလောသူလေ ။ pre wedding တစ်ခု လက်ခံထားတော့ ရွာငံဖက်သွားရင်း ကလောမှာ ခဏ ဝင်နားကြမလို့ တိုင်ပင်နေတာ။ "

ကေးနားထောင်နေတာမြင်တော့ အနိုင် ခေါင်းက သူ့ဆံပင်ရှည်တွေကို ရှက်ရှက်နှင့်ထိုးဖွ၏။
လှိုင်းသဏ္ဍာန်ကောက်ကောက်ဖြစ်နေတဲ့ ဆံပင်ရှည်တွေသည် အနိုင့်လက်ချက်ဖြင့် ပွပွယောင်းယောင်းဖြစ်သွားတာကိုကြည့်ရင်း ကေးရင်ထဲလှုပ်ခတ်သွား၏။ အနိုင်ငယ်ငယ်က တည်တည်ကြည်ကြည်လူငယ်လေးဖြစ်၏။ ဒီလိုဗရုတ်သုတ်ခ ပုံစံ ၊ ဆံပင်ရှည်ရှည် ထားကာ လုပ်ချင်သလို လုပ်လိမ့်မည်မှန်းမထင်ခဲ့ပါ။ အနိုင်စောင်းထားတဲ့ဦးထုပ်လေးတွေ အကြောင်း သတိထားမိတော့ အနိုင်တောင်မှ နှစ်ဆယ့်ငါး ထဲရောက်နေပြီမှန်း တွေးမိကာ နုအောင် ပြင်နေဝာာလားဟု ထင်မိပြီးရယ်ချင်လာ၏။

ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျားWhere stories live. Discover now