Part 12 (U+Z)

470 14 5
                                    

"မောင်"
"မဒီ့ကိုလှည့်ကြည့်ပါအုံး မောင်ရဲ့....မဒီ့ကိုလှည့်မကြည့်ချင်တော့လောက်အောင်မုန်းသွားပြီပေါ့"

"မဒီ". ..​ြဖစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် "မောင်"

မဒီရဲ့အသံတွေကိုကြားနေပေမယ့်ပြန်လှည့်မကြည့်ဘဲ.... ရှိုန်းဂုန်ရောင်ကျောင်းခိုင်းနေမိသည်။

"ဘာကြောင့်လဲ.... မဒီ"
"ခုမှ ဘာလို့လာတောင်းပန်နေရတာလဲ....မင်းလုပ်ချင်တိုင်းလုပ်ပြီးမှ ငါ့ကိုလာတောင်းပန်ရအောင်...ငါကစောက်ရူးမဟုတ်ဘူး...မင်းသိလား"

ရှိန်းဂုန်ရောင် ဒေါသတွေကိုမနည်းထိန်းထားရသောကြောင့် မျက်နှာတစ်ခုလုံးပေါက်ထွက်မတက်ဖြစ်နေသည်။

"မောင်ရယ်....မဒီဘယ်လိုလုပ်ပေးမှမောင်ခွင့်လွှတ်မှာလဲဟင်....မောင်ခွင့်လွှတ်ဖို့အတွက်မဒီဘာမဆိုလုပ်ပါ့မယ်"

"တော်စမ်းပါကွာ....မင်းဆက်ပြီးမပြောနဲ့တော့"

လှည့်ထွက်မည်လုပ်နေသောရှိန်းဂုန်ရောင်ရဲ့လက်ကိုမဒီလှမ်းဆွဲလိုက်သည်။

"မောင့်.."

"ဟာ.....လွှတ်စမ်းကွာ"
"တောက်"

ရှိန်းဂုန်ရောင် မဒီ၏လက်ကိုခါချကာ ကလေးဆီကို အပြေးသွားလိုက်သည်။

"မောင်ရယ်...အဲ့ကောင်လေးအတွက်နဲ့မဒီ့ကိုတွန်းချခဲ့တယ်ပေါ့...."
"မဒီ..ဘာကောင်မလဲဆိုတာမောင်သိစေရမယ်...မောင့်ကိုမဒီ မရရအောင်ပြန်ယူပြမယ်"
"မောင် စောင့်ကြည့်နေလိုက်"

ပြောနေရင်းမဒီ့ပါးပြင်ပေါ်သို့မျက်ရည်များတသွင်သွင်စီးကျလာသည်။

"မဒီ့ရဲ့ မျက်ရည်တွေကမောင်ပေးတဲ့နာကျင်မှုတွေကြောင့်ပဲ ကျနေရတာပါမောင်ရယ်"

...........................

နွေဂန္ဓာဦး အခန်းထဲရောက်တော့ အသိစိတ်မရှိတဲ့လူတစ်ယောက်လို ထိုင်နေမိသည်။

"ဟင့်...ငါဘာလို့မျက်ရည်တွေကျနေရတာလဲ...ငါဘာလို့ခုလိုတွေဖြစ်နေရတာလဲ"

"အား....ငါအရမ်းမွန်းကြပ်ပြီး ပင်ပန်းနေပြီ...ဟင့်...

နွေဂန္ဓာဦး ရှုံးပွဲချငိုပစ်လိုက်သည်။

He's mine❤️✨ (Completed )Where stories live. Discover now