Part 13 (U+Z)

443 15 4
                                    

ရှိန်းဂုန်ရောင် လူနာတွေရှိနေပေမယ့် ဆေးရုံကိုမသွားဘဲ Bar ကိုထွက်လာလိုက်သည်။ဆေးရုံမှာက "နေထက်"လဲရှိနေသောကြောင့် စိုးရိမ်စရာတော့မရှိပါ။

"ဟိတ်ကောင်...သားကြီး"
"ထူးထူးဆန်းဆန်း... သောက်လှချေလားကွ"

မြတ်သူက... ရှိန်းဂုန်ရောင်ရဲ့ပုခုံးကိုပုတ်ကာမေးနေပေမယ့်သောက်မြဲသာဆက်သောက်နေသည်။

"ငါ့ရင်ဘတ်ထဲက... နာလိုက်တာကွာ...အောင့်သက်သက်နဲ့"

ရှိန်းဂုန်ရောင် ပြောလိုက်သောစကားကြောင့် "မြတ်သူ" က "မိုးယံ"ကိုမျက်စပြစ်ပြီးကြည့်နေသည်။

"သားကြီးရာ...မင်းဘာတွေခံစားနေရလို့လဲကွ..ငါတို့ကိုရင်ဖွင့်လို့ပါတယ်ဟ"

" မိုးယံ"ပြောသောစကားကို"မြတ်သူ"ကဝင်ထောက်ခံသည်။

"အေးလေကွာ... မင်းကလဲ...မင်းမှာငါတို့သူငယ်ချင်းအရင်းကြီးနှစ်ယောက်ရှိနေတာပဲ"
"ပြောပြလို့ရပါတယ်ကွာ"

"ငါ...ငါ..အရမ်းခံစားရတယ်ကွာ...ကလေးငါ့ကိုမုန်းသွားပြီလား..မသိဘူး"

ရှိန်းဂုန်ရောင် ပြောလိုက်သောစကားကြောင့် မြတ်သူ အံ့အားသင့်သွားရသည်။

"ဟေ"

" မင်းနဲ့ ဟိုကောင်လေးနဲ့က ဘာဖြစ်လို့လဲ"

ရှိန်းဂုန်ရောင် လက်ထဲကအရက်ခွက်ကိုမော့သောက်လိုက်ရင်း ....

"ငါသူ့ကိုချစ်မိသွားပြီ"

"ဘာကွ"

"မိုးယံ"...ပါးစပ်ထဲကအရက်တွေပင်အပြင်သို့လွင့်စင်ကာထွက်သွားရသည်။

" ဟုတ်တယ်....ငါချစ်မိသွားခဲ့ပြီ"
"ဒါပေမယ့်... သူကငါ့ရဲ့အကြောင်းရင်းမှန်တွေကိုသိသွားပြီကွာ"

"ဟာ...သားကြီးရာ... မင်းရဲ့အကြောင်းတွေကိုအစထဲကပြောပြမထားဘူးလား"

"အေး...ငါလည်းနောက်​ကြအေးဆေးပြောပြမလို့ စီစဥ်ထားပြီးသား"
"အခုတော့....အကုန်လုံးသဲထဲရေသွန်ဖြစ်သွားပြီကွာ"

ရှိန်းဂုန်ရောင် ပြောရင်းမျက်ရည်တွေအလိုလိုကျလာသည်။

"ဟာ.. သားကြီးရာ... မင်းငိုတာကိုငါပထမဆုံးမြင်ဖူးတာပဲ"
"မင်း ကောင်လေးကိုတော်တော်ချစ်မိသွားပုံပဲဟိတ်ကောင်....မင်းတော့သွားပြီ"

He's mine❤️✨ (Completed )Where stories live. Discover now