Part 14 (U+Z)

457 16 7
                                    

သီချင်းအဆုံးမှာ... ဦးရှိုန်းနဲ့ကျွန်တော်အကြည့်ချင်းစုံသွားခဲ့သည်။

"ကြီးကြီးနွယ်...သားဗိုက်ဝပြီ.. သွားတော့မယ်နော်"

"ဟဲ့..ဟဲ့..နေပါအုံး နွေလေးရဲ့...သားညကလဲဘာမှမစားဘူးမလား...အခုလဲကြည့်အုံး စားထားတယ်သာပြောတယ် အရာလဲမရွင်းပါလားကွယ်"

"သားမဆာလို့ပါ.. ကြီးကြီးနွယ်...တကယ်ဝပါပြီ...ကြီးကြီးနွယ်ဘာမှစိတ်မပူနဲ့နော်"

"ဟင်း....ဒီကလေးတော့ပြောလို့မရပါလားကွယ်"

"အော်...ဒါနဲ့ကြီးကြီးနွယ်...သားအပြင်သွားစရာရှိတယ်"

နွေဂန္ဓာဦး အပြင်သွားစရာရှိတယ်လို့ပြောလိုက်တော့ ဦးရှိန်းရဲ့မျက်ခုံးတွေပင့်တက်သွားတာကို မြင်မိအောင်မြင်လိုက်ရပါသည်။

"အော်...အေးအေး နွေးလေး...ဂရုစိုက်ပြီးသွားနော်...စောစောပြန်ခဲ့"

"ဟုတ်ကဲ့ကြီးနွယ် "

အပြင်သွားဖို့ကိစ္စကို ဦးရှိန်းကိုမပြောချင်လို့ သူရှေ့မှာတင် ကြီးကြီးနွယ်ကို ပြောခဲ့လိုက်သည်။

နွေဂန္ဓာဦး ထမင်းစားခန်းထဲက နေထွက်လာလိုက်ပြီး အပေါ်ထပ်ကို အဝတ်စားလဲဖို့တက်သွားလိုက်သည်။

"ခနနေအုံး "

နောက်က နေလိုက်လာသောသူက နွေလေးရဲ့လက်ကိုလမ်းဆွဲ ပြီးပြောလိုက်သည်။
လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဦးရှိန်း ဖြစ်နေသည်။

"ဘာပြောစရာရှိလို့လဲ"

နွေဂန္ဓာဦး တည်ငြိမ်စွာပင်မေးလိုက်သည်။ တကယ်တော့ သူ့ကို အပြင်သွားဖို့မပြောမိလို့ လိုက်လာတာဆိုတာကိုနွေဂန္ဓာဥိးသဘောပေါက်လိုက်သည်။

"အပြင်ကိုဘယ်သူနဲ့သွားမှာလဲ"
"မင်းက ငါတစ်ယောက်လုံးရှိနေတာတောင် ဘာလို့ကြီးကြီးနွယ် ကိုပြောရတာလဲ....ဟမ်..ပြောစမ်း....မင်းကငါ့ကိုစောက်ဖက်မလုပ်တဲ့သဘောလား"

"ကျွန်တော်ဦးရှိန်းရှေ့မှာတင်ပြောခဲ့တာပဲ....အတူတူပဲပေါ့...ထပ်ပြောစရာလိုသေးလို့လား"

"မင်း...အဲ့ချိုးတွေကိုခုချက်ချင်းပြင်လိုက်စမ်း..ဘာပဲ ဖြစ်ဖြစ်မင်းငါ့ကိုပြောရမယ်...ငါကမင်းရဲ့အုပ်ထိန်းသူမလို့ပဲ"

He's mine❤️✨ (Completed )Where stories live. Discover now