Chapter 1(part 2)

574 83 2
                                    

Unicode

လျိုအန်းချင်းက ကွန်ပြူတာစားပွဲ ရှေ့မှာထိုင်နေပြီးသူရဲ့ခေါင်းကိုငုံထားက ရှည်လျားတဲ့ ဆံနွယ်များကို သူရဲ့ အမူအရာကို ဖုံးကွယ်ခွင့်ပေးထားသည် ၊ဒီ instance နဲ့ပတ်သတ်တဲ့ သူရဲ့ ဖုန်းက notiတက်လာတဲ့စာတွေကို ဘာစကားတစ်လုံး မှ မပြောဘဲကြည့်နေခဲ့သည် ။

သူ့ထက်ပိုကံကောင်းတဲ့သူမျိူးကို သူတခါမှမတွေ့ခဲ့ဖူးဘူး ၊သူသည် သဲထိတ်ရင်ဖိုဂိမ်းမှရွေးချယ်ခံရသည်သာမဟုတ်ဘဲ npc‌ နေရာက သရုပ်ဆောင်ရတဲ့ အထူးကစားသမားလည်းဖြစ်လာခဲ့သည်။

အရေးပါတဲ့ Npcလည်းမဟုတ် ဘော့စ့်အဆင့်ဗီလိန်လည်းမဟုတ်ဘဲ မသေခင် တခြားကစားများအတွက် သတိပေးဖို့နဲ့ သဲလွန်စများ‌ ပေးရန်သာ‌ေစာင့်ဆိုင်း‌နေပြီး အစမှာတင် သေဖို့အတွက် သတ်မှတ်ထားတဲ npcလေးဖြစ်သည်။

တခြားကစားတွေကတော့ အသက်ရှင်ဖို့နည်းကိုရှာတွေ့ဖို့ အခွင့်အရေးရှိကောင်းရှိနိုင်ပေမယ့် သူကတော့အစမှာတင် ဘောစ့်ဆီက ပစ်မှတ်ထားခံရသည့် ကံမကောင်းသည့် ကောင်လေးဖြစ်သည်။

သေးငယ်တဲ့အမှားလေးကတောင်သူ့အတွက်ပထမနေ့မှာတင် အသက်မရှင်နိုင်တော့တဲ့ရလဒ်ကိုဖြစ်ပေါ်စေနိုင်သည်။

အခုလိုမျိုးပေါ့ ။

ဒါကသူ့ရဲ့ပထမဆုံး instance ဖြစ်ပြီး ဒီ သဲထိတ်ရင်ဖိုဂိမ်းက သူ့ကိုရွေးချယ်သွားခဲ့တယ် ။

သူက သဲထိတ်ရင်ဖို တိုက်ရိုက်ထုတ်လွှင့်ခန်းမှာနောက်ထပ်ပြစ်မှတ်အဖြစ် ရွေးချယ်ခံရတဲ့ ကီးဘုတ်ဖိုက်တာ npc ကိုသရုပ်ဆောင်ရမယ့် ကစားသမားဖြစ်လာခဲ့သည်။

အဲ့တော့ဆိုလိုတာက နောက်ထပ်သေရမယ့်သူကသူပါပဲ.။

အသက်ရှင်ဖို့နည်းလမ်းကိုရှာမတွေ့နိုင်ရင် ဒီinstanceစတင်ပြီးပြီးချင်းမှာပဲ သူအတွက်ချက်ချင်း အဆုံးသတ်သွားလိမ့်မယ်။

အဲ့ဒါကအဆိုးဆုံးအပိုင်းမဟုတ်သေးပါဘူး၊ ပိုပြီး၀မ်းနည်းစရာအကောင်းဆုံးက ဒီinstanceက သူရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်က အချက်အလက်တွေကို ဖတ်သွားခဲ့တာဖြစ်သည်။

လျိုအန်းချင်းရဲ့ မူလခန္ဓာကိုယ်က အားနည်းလာပြီး

နာတာရှည်ရောဂါအတွက် ကျိုးလွယ်တဲ့ အနေအထားကိုရောက်နေပြီဖြစ်သည်။ ဆယ်မိနစ်လောက် ပြေးတာတောင်မှ အသက်ရှုမ၀လောက်အောင် မောဟိုက်နေခဲ့သည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now