Chapter 16

298 50 2
                                    

Unicode
ဆရာဝန်က ရွှမ်ချင်းရဲ့ ကျေးဇူးတင်မှုကို တုံ့ပြန်ဖို့ သူ့ခေါင်းကိုညင်ညင်သာသာခါလိုက်ကာ ပြုံးကာပြောလိုက်သည်။"ကိုယ်ဘာမှသိပ်မလုပ်ခဲ့ပါဘူး၊ပြီးတော့ ဒါတွေ အားလုံကငွေပေးချေဖို့ လိုအပ်တယ်လေ"

ဆရာဝန်က ပြောပြီးတာနဲ သူ အမှားတစ်ခု ပြောလိုက်မိပြီ ဆိုတာသိလိုက်ရသည်။ 

ဘာကြောင့်ဆို လူငယ်လေးရဲ့ မျက်နှာပေါ်က အမူအရာက ငွေပေးချေမှု အကြောင်းကြားလိုက်တဲ့အခါ တစ်ခဏတာ အေးခဲသွားသောကြောင့်ပင်။

ငွေပေးချေရမယ်......

ရွှမ်ချင်း စိုးရိမ်စွာ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူတစ်ခုခုကိုပြောချင်နေသကဲ့သို့ တုံ့ဆိုင်းနေပုံရပေမယ့်  နောက်ဆုံးမှာတော့ တိတ်ဆိတ်နေခဲ့သည်။

သူဘယ်ကနေ ပိုက်ဆံရမှာလဲ?သူအိမ်ငှားခတောင် မတတ်နိုင်တာ။

သူ မှန်ကန်စွာ မှတ်မိပါက  သူခံယူခဲ့တဲ့ စမ်းသမ်မှု အစုံလိုက်က အတော် ပြည့်စုံပြီး ယွမ်5000ကျော်လောက် ကျနိုင်ဖွယ်ရှိသည်။

ပြီး‌တော့ ဆေးရုံက လူနာတွေကို ဆေးဖိုးကုန်ကျစရိတ် အကြွေးမပေးမှာသေချာသည်။ 

ရွှမ်ချင်းသူရဲ့အောက်နှုတ်ခမ်းကိုက်လိုက်ပြီး သူသယ်လာတဲ့ အိတ်က သိုင်းကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ အလိုအလျောက် သူ့ဘေးက ဂျန်ရှီးလျန်ကို ကြည့်လိုက်သည်။ 

လူငယ်လေးရဲ့ ပြုမူပုံက ဂျန်ရှီးလျန်ကို ကျေနပ်သွားစေပြီး သူရဲ့မဲမှောင်နေတဲ့ အမူအရာက ပျောက်ကွယ်သွားခဲ့သည်၊ သူပေါ့ပေ့ါပါးပါး တခစ်ခစ်ရယ်လိုက်ပြီး သူရဲ့မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ"ငါကမင်းရဲ့ အိမ်ပိုင်ရှင်ဆိုမှတော့ မင်းကို တာဝန်ယူပေးရတာက ငါ့အတွက် ပုံမှန်ပါပဲ"

ဂျန်ရှီးလျန်ပြောလိုက်တဲ့အခါ "တာဝန်ယူ"ဆိုတဲ့စကားက အနည်းငယ်  ဒွိဟဖြစ်စေသည်။ သူ ပြောနေရင်း သူ့ဘေးရှိ ရွှမ်ချင်းရဲ့လက်ကို ကိုင်လိုက်ပြီးသူ့လက်မနဲ့ အနည်းငယ် ပွတ်သပ်လိုက်သည်။

သူ့လေသံကပြောင်းလဲသွားသည်။"ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ အိမ်ရှင်က အိမ်ငှားအတွက် ဆေးဖိုးကုန်ကျစရိတ်ပေးရမယ်လို့ မဆိုလိုဘူးလေ၊ ပျော်ရွှင်ဖို့အတွက် တစ်ခုခုကို အပြန်အလှန်အားဖြင့် အမြဲ ရဖို့လိုတယ်လေ၊သဘောမတူဘူးလား?"

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now