Chapter 13

342 67 2
                                    

Unicode

ထိုအမျိုးသားရဲ့လေသံက အလွန်တည်ငြိမ်ပေမယ့် ရှင်းမပြနိုင်လောက်တဲ့ အန္တရာယ် တစ်စွန်းတစကို သယ်ဆောင်ထားပြီး လူတစ်ယောက်ရဲ့ နှလုံးသားအောက်ခြေက နားမလည်နိုင်တဲ့ အကြောက်တရားကို ပေါ်ထွက်လာစေသည်။

ထိုအသံကိုကြားသောအခါ ရွှမ်ချင်းရဲ့ ဦးရေပြားတွေ ထုံကျဉ်သွားပြီး နေရာမှာ တောင့်တောင့်ကြီး ရပ်နေမိသည်။

ကံတရားက သူ့ကို ခဏလောက်လောက်တောင် ဘက်လိုက်ချင်ပုံမရဘူး၊ သူ မတွေ့ကြုံချင်တဲ့အရာကို အမြဲတမ်းတိတိကျကျယူဆောင်လာသည်။

ကံကောင်းစွာနဲ့ လှေကားကတက်လာကတည်းက သူရဲ့ ခေါင်းထိပ်ကသူရဲ့ ဆံညှပ်ကိုလေး ချွတ်ထားခဲ့လို့ပေါ့ ၊ မူလပိုင်ရှင်ရဲ့ မှုန်မှိုင်းနေတဲ့ အသွင်အပြင်ကို ပြန်ပြောင်းသွားခဲ့သည်။

ရှက်တတ်ပြီး လူတွေနဲ့ ဆက်ဆံရတာကို အလွန်အမင်းကြောက်ရွံတာ။

"စကားပြော"ဂျန်ရှီးလျန်အသံက ကျယ်လာပြီး အခုချိန်မှာ လေသံက ပိုင်ရှင်ရဲ့ ရန်လိုမှုတစ်စွန်းတစကို ဖော်ပြနေသည်။

ရွှမ်ချင်းသူ့အကြည့်ကို နှိမ့်လိုက်ပြီး သူကိုင်ထားတဲ့ တံခါးလက်ကိုင်ကိုကြည့်ကာ တံခါးကို အမြန်ဖွင့်ပြီး ပိတ်လို့ရနိုင်ချေကို စဉ်းစားလိုက်သည်။

ဒါပေမယ့်..ဖြစ်နိုင်ချေဆိုတာမရှိပါချေ။

ဒီအပြုအမူကြောင့် ဂျန်ရှီးလျန် ဒေါသထွက်နိုချေရှိပြီး အသတ်ခံရနိုင်ချေက နည်းကောင်းနည်းနိုင်ပေမယ့် သုည မဟုတ်တာသေချာသည်။

ရွှမ်ချင်းက အကြာကြီး တိတ်ဆိတ်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် ၊ ဂျန်ရှီးလျန် စိတ်မရှည်တော့ဘဲ ရွှမ်ချင်းလက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူ့ကိုမျက်နှာချင်းဆိုင်ရန် လှည့်လိုက်ကာ သူ့ကို တံခါးမှာ ဖိထားလိုက်သည်။

"ဟက်! ဘာလဲ? အပြင်ထွက်တာက မင်းကို နားလေးသွားစေတာလား?မင်းငါ့စကားကိုမကြားရ.."

ဂျန်ရှီးလျန်ရဲ့ အသံက လူငယ်လေးရဲ့ ပိတ်စနဲ့ပတ်ထားတဲ့ လည်ပင်းကို မြင်တဲ့အခါ ရုတ်ချည်းရပ်တန့်သွားပြီး သူ့အကြည့်က မည်းမှောင်လာသည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now