Unicode
တံခါးမှာရပ်နေတဲ့ အမျိုးသားက သာမာန်ကာလျံကာ ၀တ်စားသော်လည်း ပြတ်သားတဲ့ လက္ခဏာနဲ့ ချောမောတဲ့အသွင်အပြင်ရှိပြီး ရည်မွန်တဲ့အရှိန်အဝါနဲ့ သိသာထင်ရှားတဲ့ အထက်စီးဆန်မှုကအတူ တွဲဖက်လို့နေသည်။
အခုချိန်မှာ ထိုအမျိုးသားက ခက်ခဲနက်နဲပြီး မှောင်မိုက်ကာ နက်ရှိုင်းတဲ့မျက်လုံးများနဲ့ ရွှမ်းချင်းကို ငုံ့ကြည့်နေခဲ့သည်။
ထိုအမျိုးသားက အမူအရာသိပ်မပြပေမယ့်လည်း နက်ရှိုင်းတဲ့နှလုံးသားတစ်နေရာကနေ ရှင်းမပြနိုင်တဲ့ စိုးရိမ်မှု အရိပ်အယောင်ကို ပေါ်ထွက်လာစေခဲ့သည်။
ထိုအမျိုးသားရဲ့ အကြည့်ကိုရှင်းရှင်းလင်း မြင်လိုက်ရပြီးနောက် ရွှမ်ချင်း စိတ်ထဲကနေကျိန်ဆဲလိုက်သည်။
တစ်စုံတရာကြောင့် ထိတ်လန့်သွားသကဲ့သို့ ထိုအမျိုးသားရဲ့ အကြည့်ကို ရှောင်ဖို့ အနည်းငယ် ခေါင်းငုံ့ထားလိုက်သည်၊ထို့နောက် နာကျင်မှုကို လျစ်လျူရှုကာ တံခါးကိုမှီကာ ထရပ်လိုက်သည်၊ပြင်းပြင်းထန်ထန် အားထုတ်မှုနဲ့အတူ သူတံခါးကို ပိတ်ဖို့ကြိုးစားလိုက်သည်။
တွေးကြည့်လိုက်တော့ ဒီ ခမ္ဓာကိုယ်ရဲ့မူလပိုင်ရှင်က လူတွေနဲ့တွေ့ရမှာကိုကြောက်တာကြောင့် ရွှမ်ချင်းရဲ့ အပြုအမူတွေက လွဲနေတာတော့မဟုတ်ပေ။
ဒါပေမယ့် တံခါးအပြင်က ချောမောတဲ့အမျိုးသားက ဘာဖြစ်နေလဲဆိုတာသဘောမပေါက်သေးဘဲ ပြီးခဲ့တဲ့ မြင်ကွင်းမှာပဲ နစ်မြုပ်နေတုန်း ဖြစ်ပုံရသည်၊ သူတံခါးပိတ်တော့မှာကို မြင်လိုက်တဲ့အခါ နောက်ဆက်တွဲ အကျိုးဆက်တွေကို မတွေးတောဘဲ အလိုအလျောက်တားဆီးဖို့ လက်လှမ်းလိုက်သည်။
ရွှမ်းချင်းရဲ့ ခန္ဓာကိုယ်က အားနည်းနေခဲ့ကာ သူရဲ့ခွန်းအားက မကြီးမားပေမယ့် တံခါးပိတ်ခြင်းရဲ့နောက်က အင်အားက အသေးအမွှားမဟုတ်တာတော့အသေအချာပင်။
ဒါပေမယ့် ထိုအမျိုးသားရဲ့လက်တံခါးမှာ ညပ်မိသွားတာတောင် ဘာနာကျင်မှုမှ မခံစားရသကဲ့သို့ သူရဲ့ အမူအရာက မပြောင်းမလဲရှိနေတုန်းဖြစ်၏။
သူက သူ့ရှေ့က လှပတဲ့လူငယ်လေးကို ဗလာဖြစ်စွာ ဆက်လက် စိုက်ကြည့်နေခဲ့သည်။
YOU ARE READING
အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)
HorrorEng name- Became an infinite game beauty npc Credit to original author #mmtrans