Chapter 1 (Part1)

1K 87 1
                                    

Unicode

ဖုန်းမျက်နှာပြင်တွင် မှိန်‌ဖျော့ပြီး မှုန်ဝါးဝါးပေါ်နေသောပုံရိပ်များနှင့် အချိန်အကြာကြီးလည်ပတ်ခဲ့တဲ့တိတ်ခွေအဟောင်းကဲ့သို့ ဆူဆူညံညံ တဂျစ်ဂျစ် ဖြစ်ပေါ်နေသည် ။

၀တ်စုံပြည့်၀တ်ထားပြီး လည်သာဖိနပ်စီးထားတဲ့အမျိုးသားက မိုးသည်းတဲ့ညကိုဖြတ်၍မောင်းနှင်လာပြီး လေးလံတဲ့အရာပြုတ်ကျသံကို အင်ဂျင်ရဲ့ကျယ်‌ လောင်တဲ့ဆူညံသံက ဖုံးလွှမ်းသွားခဲ့သည်။ကားဘီးက တစ်ခဏလောက် ဆောင့်၍သွားပြီး ထိုအမျိုးသားက အထိန်းအကွက်မဲ့စွာရယ်‌မောနေခဲ့သည်၊ သူက ကားကိုရပ်လိုက်မယ့်အစား စိတ်လှုပ်ရှားစွာ ထိုအရာအပေါ်ကနေ မောင်းနှင်သွားခဲ့သည်။

[T/N ရှုပ်နေမှာစိုးလို့ ရှင်းရှင်းပြောရရင် တက်ကြိတ် သွားတာပါ]

ဘီးတွေက အရိုးတွေကို နင်းခြေသွားခဲ့ပြီး ကားကိုယ်ထည်ပေါ်  လွင့်စင်လာတဲ့ နီနီရဲရဲသွေးတွေကို တဖွဲဖွဲရွာသွန်းနေတဲ့ မိုးတွေက ဆေးကြောသွားခဲ့ကာ မိုးသည်းတဲ့ညမှာ ခွဲခြားဖို့မဖြစ်နိုင်တဲ့ သွေးကွက်များသာကျန်ရစ်ခဲ့၏။

နောက်တစ်စက္ကန့်မှာ မြင်ကွင်းက လမ်းမပေါ်မှာ အမြန်ပြေးနေတဲ့ အမျိုးသားဆီကို ပြောင်းသွားခဲ့သည် ၊သူ့ရဲ့ ၀တ်စုံက ဟောင်းနွမ်းနေပြီးညစ်ပတ်နေသည် ၊သူ့ရဲ့ဆံပင်ကလည်းရှုပ်ပွနေပြီး သူရဲ့မျက်နှာကိုအုပ်လို့နေသည် ၊သူကြောက်ရွံ့စွာ လှည့်ပတ်ကြည့် နေပြီး သူရဲ့မျက်လုံးက နီရဲရဲသွေးကြောတွေနဲ့ပြည့်နေကာ အကြောက်တရားနဲ့ သောကတို့ပြည့်နေတဲ့သူ့မျက်နှာကိုပြသထားသည်။

အင်ဂျင်ရဲ့ဆူညံသံက သူ့ရဲ့အနောက်ကိုနီးကပ်စွာလိုက်နေသည် ၊ထိုသူရဲ့သွားတွေက ကြောက်ရွံမှုကြောင့် တဂတ်ဂတ်‌ရိုက်ခတ်နေသည် ၊သူ အနောက်လှည့်ကြည့်လိုက်ပြီး သူရဲ့အနောက်က အမှောင်ထုထဲကနေ တစ်ခုခုကသူ့ဆီ တရွေ့ရွေ့လာနေသည်ကိုတွေ့လိုက်သည်၊

သူရဲ့မျက်လုံးတွေကပြူးကျယ်သွားပြီး အရူးအမူးလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမယ့် သူဘယ်မှာပဲပုန်းပါစေအသုံးမ၀င်ဘဲ ကျယ်လောင်တဲ့အင်ဂျင်သံက သူ့နောက်ကိုအရိပ်တစ်ခုလိုမျိုး၊ အရိုးတွေ မှာတွယ်ကပ်နေတဲ့လောက်တွေလိုမျိုးလိုက်နေခဲ့တယ် ။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now