Chapter 9

393 79 0
                                    

Unicode

ရွှမ်ချင်းရဲ့ပြေးတဲ့အရှိန်က ပုံမှန်ကလေးတစ်ယောက်ပြေးတဲ့အမြန်လောက်တောင် မမြန်ပေ၊သို့ သော် သူဟောဟဲလိုက်နေပြီဖြစ်သည်။

ဒါပေမယ့် ရွှမ်ချင်း မရပ်ရဲပါချေ ၊ အဲ့ဒီချောက်ချားစရာကောင်းတဲ့ခံစားချက်က သူ့နောက်ကို နီးနီးကပ်ကပ်လိုက်နေပုံရပြီး သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေတိုင်းက လွတ်မြောက်ဖို့အတွက် အော်ဟစ်နေကြသည်။

သူသာ ရပ်လိုက်မယ်ဆိုရင် ဆိုးရွားတဲ့ဟာတစ်ခုခုက ဖြစ်ပျက်သွားမှာသကဲ့သို့ပင်။

သူက သဲထိတ်ရင်ဖို တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ ပစ်မှတ်ဆိုတာ မမေ့ခဲ့ပါချေ ။ 

တစ်ကြိမ်ရွေးချယ်ခံရတာနဲ့ ခုနစ်ရက်မပြောနဲ့ သုံးရက်တောင် ရှင်သန်နိုင်မှာမဟုတ်ဘူး ။

ဒါပေမယ့် သူဂိမ်းထဲကို မဝင်ရောက်ခင်ကတည်းက ရွေးချယ်ခံရပြီးသွားပြီ၊ဆိုလိုတာက  အနည်းဆုံး ခုနစ်နာရီလောက် ပစ်မှတ်ထားခံရမှပင်။

လူသတ်သမားက သူ့ကို ရှာမတွေ့သေးဘူးဆိုတာ သူမယုံပါသလို သူကသနားစရာကောင်းတာကြောင့်နဲ့ သူ့ကိုအမဲလိုက်ဖို့လက်‌လျော့လိုက်မယ်ဆိုတာလည်းမယုံပါချေ။

လမ်းကြားက သိပ်မရှည်ပေမယ့် တိုတာလည်းမဟုတ်ပေ၊ရှေ့တည့်တည့်က ဖန်းယာဘားရဲ့ဝင်ပေါက်‌ရှေ့စည်ကားနေတဲ့လမ်းဖြစ်သည်။

ညသန်းခေါင်ချိန်‌ဖြစ်ပေမယ့် ကျော်ကြားတဲ့ ညမအိပ်မြို့ရဲ့လမ်းပေါ်မှာ  အိပ်ချိန်ပြောင်းပြန်ဖြစ်နေတဲ့ လူအနည်းငယ် ရှိနေတုန်းဖြစ်သည်။

အဓိက လမ်းမကြီးပေါ်ကို ပြေးနေသရွေ့  လူသတ်သမားတောင် ဒီလို လူပုံလယ်မှာ သူ့ကို အန္တရာယ်ပြုနိုင်မှာမဟုတ်ဘူး။

ရွှမ်ချင်း ဒီလို ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကတည်းကဆို အချိန်အတော်ကြာပြီဖြစ်သည်၊သူ့နှလုံးက အနည်းငယ်အောင့်လာပြီး သူ့ခန္ဓာကိုယ်က ချွေးတွေအနည်းငယ်ထွက်လာသော်လည်း သူမရပ်ခဲ့ပါ။

လမ်းကြားက မှောင်မည်းနေပြီး အဝေးကမီးရောင်တွေက ဒီဧရိယာကို အလင်းပေးဖို့ မလုံလောက်တော့ပေ၊ ဒါပေမယ့် ကံကောင်းစွာနဲ့ ရှေ့တည့်တည့်ကလမ်းပေါ်မှာ လမ်းမီးတွေ အများကြီးရှိနေတာကြောင့် လမ်းတစ်ခုလုံးနီးပါး အလင်းပေးနေခဲ့သည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now