Chapter 11

281 58 1
                                    

Unicode

လူတိုင်း ကြည့်လာတဲ့အခါ​ရွှမ်ချင်းအမျိုးသမီးလက်ကိုလွှတ်ပေးလိုက်သည်၊သူကထိုအမျိုးသမီးဆီကန ဓားစားခံအဖြစ်အဖမ်းခံရကဲ့သို့ သူ့အသွင်အပြင်က သနားစရာကောင်းနေတော့သည်၊သူတောင့်တောင့်ကြီးရပ်နေပြီး သူရဲ့မျက်နှာက အကြောက်တရား၊စိုးရိမ်မှုများဖြင့်ပြည့်နှက်နေသည်။

အရမ်းမှောင်တာကြောင့် ထိုအမျိုးသမီးကလွဲလို့ ဘယ်သူမှ ရွှမ်ချင်းရဲ့ ခုနတုန်းကလုပ်ရပ်ကို မမြင်လိုက်ပါချေ၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေတောင်ရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘဲ အမျိုးသမီးကဆီကနေ တကယ်အချုပ်ခံရတယ်လို့ထင်နေကြသည်။

အမျိုးသမီးကလည်း ငတုံးမဟုတ်ပါဘူး၊ အခုရွှမ်ချင်းက သူတို့ကို ကူ‌ညီနေတယ်ဆိုတာသဘောပေါက်သွားခဲ့သည် ၊သူမကိုယ်သူမ တည်ငြိမ်အောင်မနည်းကြိုးစားလိုက်ပြီးဓားကို မကိုင်ထားနိုင်လောက်အောင်တုန်ယင်နေတဲ့လက်ကို တင်းတင်းကြပ်ကြပ် ကိုင်လိုက်ပြီး"ရပ်လိုက်!မဟုတ်ရင် ကျွန်မ သူမကိုသတ်လိုက်မှာ!"

ဂျီယန်သူရဲ့လှုပ်ရှားမှုကိုရပ်လိုက်ပြီး သူရဲ့မျက်လုံးများကျဉ်းမြောင်းလိုက်ကာ ဘာကပိုကောင်းမှန်းနားမလည်တဲ့ ထိုအမျိုးသမီးကိုအေးစက်စက်ကြည့်လိုက်သည်၊အဲ့ဒါက သူမကိုဘယ်လိုသတ်ရမလဲဆိုတာ သူစဉ်းစားနေပုံပေါ်သည်။

အမျိုးသမီးကတွန့်ဆုတ်သွားပြီး ဂျီယန်ဆီကနေ အဲ့လိုမျိုးအကြည်ခံလိုက်ရတဲ့အခါ သူမ ခန္ဓာကိုယ်ကတုန်ယင်နေကာ သူမရဲ့အသံက အကြောက်တရားကြောင့် တုန်လှုပ်နေသည်။" ကျွန်မတို့ကိုလွှတ်ပေးလိုက်!မဟုတ်ရင်..မဟုတ်ရင်...ကျွန်မသူမကိုသတ်ပစ်မယ်!"

ဂျီယန်က မိန်းကလေးရဲ့လည်ပင်းမှာ ထောက်ထားတဲ့ မူလကသူပိုင်ခဲ့တဲ့ ဓားကိုတချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးရယ်လိုက်သည်၊ လူတိုင်းရဲ့ဆံပင် ကိုအဆုံးထိထောင်မတ်သွားစေတဲ့ အေးစိမ့်စိမ့်ရယ်သံတစ်ခုပါပဲ၊သူက ဓားကို ဆုပ်ကိုင်လိုက်ပြီး ဘာကပိုကောင်းမှန်းနားမလည်တဲ့ ထိုအမျိုးသမီးဆီဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now