Chapter 21

123 28 0
                                    

Unicode

ဂျီယန်ရဲ့အသံက အန္တရာယ်တစ်စွန်းတစ် မပါရှိဘဲ သာမာန် တီးတိုးသံကဲ့သို့ ဖြစ်ပုံရပေမယ့် ဖုံးကွယ်ထားတဲ့ ခြိမ်းခြောက်မှုက လျစ်လျူရှုဖို့မဖြစ်နိုင်အောင်ပြုလုပ်နေသည်။

၎င်းကိုကြားတဲ့အခါ ရွှမ်ချင်း တုန်ယင်သွားပြီး အလိုအလျောက် သူရဲ့ခေါင်းကို လှည့်ကာ ထိုအမျိုးသားရဲ့ ချုပ်နှောင်မှုက လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် သူရဲ့မေးစေ့ပေါ်က ဂျီယန်ရဲ့ ဆုပ်ကိုင်ထားမှုက သန်မာပြီး လွတ်မြောက်ဖို့နည်းလမ်းမရှိပေ၊ တကယ်တော့ သူရဲ့ခေါင်းကိုလှည့်ရန် ကြိုးပမ်းမှုက  ခွန်းအားကို ပို၍သာပြင်းလာစေသည်။ 

မေးစေ့ကနာကျင်မှုက ရွှမ်ချင်းရဲ့ မျက်လုံးကို မျက်ရည်တွေနဲ့ မှုန်ဝါးလာစေပြီး သူ့မျက်ဝန်းများက အနည်းငယ်နီရဲလာစေကာ  သနားစရာ‌ေကာင်းတဲ့ ပြင်းထန်ခံစားချက်ကို ဖြစ်ပေါ်စေသည်။ 

မည်သို့ပင်ဆိုစေကာမူ ဂျီယန်က ဘာသနားညှာတမှုမှမပြပေ၊ အဆုံးမှာတော့ ဒီလူလိမ်လေးက လူတွေကို လှည်ဖျားရာမှာ အတော်ဆုံးပင်။ 

မျက်လုံးများကိုကျဉ်းမြောင်းကာ သူ့ရှေ့ကလူငယ်လေးကို ငုံ့ကြည့်လိုက်ပြီး ဂျီယန်က သူတောင်းဆိုတဲ့အခါ အန္တရာယ် အရိပ်အယောင်များ ပြသနေသည်။"စကားပြော"

နေ့ခင်းကြောင်တောင်ဖြစ်ပေမယ့် အထက်စီးဆန်တဲ့ ဂျီယန်ရဲ့ ပုံရိပ်ဖြင့် လွှမ်းမိုးခံရတာက အကြောက်တရားနဲ့ တုန်လှုပ်ခြင်းခံစားချက်ကို စိမ့်ဝင်လာစေသည်။ 

ဖြူဖျော့နေတဲ့မျက်နှာနဲ့ သူ‌ရဲ့မေးစေ့က ‌ဆုပ်ကိုင်ခံထားရတာကြောင့် အမျိုးသားရဲ့အကြည့် ရှောင်လွှဲဖို့ သူခေါင်းကိုမငုံနိုင်ဘဲဖြစ်ကာ ရွှမ်ချင်းရဲ့ ကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူစကားပြောတဲ့အခါ သူရဲ့သေးငယ်တဲ့အသံလေးမှာကူရာကယ်ရာမဲ့မှုနဲ့ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။" ကျ-ကျွန်‌တော် တောင်းပန်ပါတယ်၊ကျွန်တော် ခင်ဗျားကို လှည့်စားဖို့ မရည်ရွယ်သလို တမင်သက်သက် ထိခိုက်စေဖို့လည်းမရည်ရွယ်ပါဘူး"

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now