Chapter 14

315 55 6
                                    

Unciode

ရွှမ်ချင်း သူ့အကြည့်ကိုအ နှိမ့်လိုက်ပြီး သူ့မျက်လုံးထဲက အရိပ်အယောင်ကို ဖုံးကွယ်လိုက်သည် ။သူဘယ်လိုတောင် ဒီလို သာမာန်အမှားမျိုးကို လုပ်နိုင်ရတာလဲ? 

သူ့ကိုကြည့်တဲ့ ‌ဆရာဝန် အကြည့်က အဆင်ပြေပုံပေါ်ပေမယ့်  သူ့အသက်နဲ့ပတ်သတ်ပြီး စိတ်ကူးမရှိတာ မဟုတ်ဘဲ လူတစ်ယောက်အဖြစ်နဲ့ သူ့ကို ဆရာဝန်က မတွေးခြင်းဖြစ်သည်ကို ဆိုလိုခြင်းသာဖြစ်သည်။

ဆရာဝန်က ထိတ်လန့်သဲဖို တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ လူသတ်သမားသာဖြစ်မယ်ဆိုရင်ကော.....

ဆေးရုံထဲက များစွာသော ကိရိယာတွေက ရောင်ခြည်များထွက်ပေါ်သောကြောင့် စစ်ဆေးခြင်းအခန်းကို တင်းတင်းကြပ်ကြက် အလုံပိတ်ထားသည် ၊ ဘက်ပေါင်းစုံက နံရံတွေက အထူးအုတ်နံရံများနဲ့ပြုလုပ်ထားပြီး ပြတင်းပေါက်များမရှိပေ၊အသံလုံခြင်းစနစ်တောင် ကောင်းမွန်သည်။

တခြားစကားနဲ့ပြောရရင် ရွှမ်ချင်း ထွက်ပြေးလွတ်မြောက်ဖို့မဖြစ်နိုင်ဘဲ တံခါးရှေ့မှာ ရပ်နေတဲ့ ဂျန်ရှီးလျန်က သူ့ကိုကြားမှာမဟုတ်တာသေချာတာကြောင့် အကူအညီတောင်းဖို့ အခွင့်အရေးတောင်မရှိပေ ။

အခု သူ့မှာရှိတာအကုန်က သူကိုယ်တိုင်သာပင်။

တစ်ခုခုမှားနေတယ်ဆိုတာ ခံစားမိပေမယ့် ရွှမ်ချင်းမျက်နှာက ထိတ်လန့်တဲ့ အမူအရာ တစွန်းတစ်စမပြပေ၊ တူညီတဲ့ မှုန်မှိုင်းပြီး ရှက်ကြောက်တတ်တဲ့ ရဲ့ချင်းအဖြစ်ရှိနေတုန်းဖြစ်သည်။

သူရဲ့အဝတ်အစားတွေချွတ်ပြီးနောက်မှာ ၎င်းတို့ကိုခေါက်လိုက်ပြီး ဆေးရုံကုတင်ရဲ့ခေါင်းရင်းဘေးမှာနေရာချလိုက်သည်၊နောက်ပြီး သူသယ်လာတဲ့ သူရဲ့ စလွယ်သိုင်းအိတ်ကိုလည်း အပေါ်မှာထားလိုက်ပြီးကုတင်ပေါ် ဖြည်းဖြည်းချင်းလဲလျောင်းလိုက်သည်။

ရွမ်ချင်းက ကုတင်အလယ်မှာ လှဲမယ့်အစား သူ့ရဲ့ အဝတ်အစားနဲ့ အိတ်နဲ့ ပိုနီးတဲ့ ဘက်မှာ ရွှမ်ချင်းကလဲလျောင်းလိုက်သည်။

ဆေးပစ္စည်းကရိယာတွေက များသောအားဖြင့် ‌အလွန်ဈေးကြီးတာကြောင့် သန်းချီပြီး ကုန်ကျလေ့ရှိသည်၊ ဆေးပစ္စည်းကိရိယာအများစုက အပူချိန်မြင့်မားတဲ့နေရာမှာ ထားလို့မရတာကြောင့် အဲယားကွန်းကို အခန်းထဲမှားအမြဲဖွင့်ထားရပြီး အပူချိန်ကို တော်တော်လေး လျော့ထားရသည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now