Chapter 7

447 80 4
                                    

Unicode

တခြားသူတွေ ဘယ်လောက်တောင်ထိတ်လန့်သွားလဲဆိုတာ ရွှမ်ချင်းဂရုမစိုက်ပါဘူး၊ အချိန်ဖြုန်းမနေဘဲနဲ့ အပြင်ဘက်မှာ ဘာအသံမှမကြားတော့တဲ့အခါ သူပြတ်ပြတ်သားသား အိမ်သာတံခါးဖွင့်လိုက်သည်။

ထို့နောက်မှာ သူသန့်စင်ခန်းရဲ့ အဆုံးရှိ ပြတင်းပေါက်ကိုကြည့်လိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ ကျော်တက်လိုက်သည်။

သန့်စင်ခန်းတံခါးက အနည်းငယ်မြင့်သည့်အပြင် ရွှမ်ချင်းအဖို့ ကျော်တက်ရန်အခက်အခဲတချို့ရှိနေပါသေး၏။ ဒီအချိန်မှာ သူဒဏ်ရာရမလားဆိုတာ ဂရုမစိုက်နိုင်တော့ပါဘူး။

ဘာကြောင့်ဆို သူအကြာကြီး အချိန်ဆွဲနေပါက အရပ်ရှည်ရှည်အမျိုးသားက သေချာပေါက် စစ်ဆေးရန် ၀င်လာလိမ့်မည်။

သူတတ်နိုင်သလောက် အမြန်ဆုံး ဒီ‌နေရာကနေထွက်သွားရမည်။

ဂျန်ရှီးလျန်နဲ့ ကျူကျောင်းရှီနဲ့ပတ်သတ်ပြီး တစ်ခုခုကတော့ လွဲနေသည်။

သူတို့နှစ်ယောက်က လုပ်ကြံသူဟုတ်မဟုတ် မသေချာပေမယ့်လည်း ရွှမ်ချင်းကသူတို့နှစ်ယောက်က လူကောင်းမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ဘက်ကို ယိမ်းယိုင်သွားခဲ့သည်။ 

ဓာတ်လှေကားမှာတုန်းက ဂျန်ရှီးလျန်ရဲ့အရှိန်က ထိတ်လန့်စရာ ကောင်းလောက်အောင် တအားမြန်သည်၊သာမာန်လူတွေစွမ်းဆောင်နိုင်တဲ့ အလျင်မျိုး မဟုတ်ပေ။

ထို့အပြင် လက်မတွန့်လူသတ်သမားတစ်ယောက်နဲ့ အလွန်ကိုက်ညီတဲ့ သူရဲ့မျက်လုံးထဲမှာ သူတစ်ပါး အသက်ကို လေးစားတဲ့ လက္ခဏာတစ်စွန်းတစမျှ မတွေ့ရပါချေ။

ကျူကျောင်းရှီအတွက်ကလား? ဟား! သူတို့ဆီက ငါးသိန်း ချေးဖို့ကြံတဲ့ခါ ဘယ်သူကအဲ့နည်းလမ်းနဲ့တုန့်ပြန်မှာလဲ? 

အထူးသဖြင့် တစ်ကြိမ်ပဲတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ဆီကပေါ့။

ကြင်နာခြင်းက ပိုက်ဆံနဲ့အတူလူအတစ်ယောက်ဖြစ်တယ်လို့မဆိုလိုဘူးလေ၊ကျူကျောင်းရှီက ရိုးအသူတစ်ယောက်နဲ့မတူပေ၊ကြင်နာမှုကြောင့် မဟုတ်ဘူးဆိုကတည်းက ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိကိုရှိရမည် ။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now