Unicode
ဂျန်ရှီးလျန်က ရွှမ်ချင်းဘာပို့လိုက်လဲဆိုတာကို မမြင်လိုက်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ကြည့်ရှုသူတွေကတော့ ရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကင်မရာက ရွှမ်ချင်းရဲ့ ဖုန်းပေါ်က စာပို့မှတ်တမ်းကို အကျယ်ချဲ့ရိုက်ပြလို့ နေသည်။
[ဒီလူကဘယ်သူလဲ? သူတို့နဲ့ ချင်းချင်းကြားက ဆက်ဆံရေးကဘာလဲ? သူတို့ဆီကချင်းချင်းဘယ်လို ယွမ်500,000ကို ချေးနိုင်မှာလဲ? သာမာန်ဆက်ဆံရေးတစ်ခုပဲဆိုရင် ယွမ် 500,000 တောင်းဆိုနိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား? ]
[ဒီလူက လူကောင်းမဟုတ်လောက်ဘူးလို့ ငါထင်တယ်!သူတို့က ငါတို့ရဲ့ ချင်းချင်းလေးနဲ့ လုံး၀မတန်ဘူး! ငါ ဒီအိမ်ေထာင်ေရးကို သဘောမတူဘူး!]
[ငါလည်းပဲ သဘောမတူဘူး!]
[ဒီလူမိုက်ကောင်ကို အထင်သေးတာ ငါတစ်ယောက်တည်းလား? သူ ချင်းချင်းရဲ့လက်ကို တကယ်ကြီး ဆုပ်ကိုင်ခဲ့တာ!]
[အချိန်တိုလေးပဲ ဖြစ်ခဲ့ပေမယ့် ချင်းချင်းက ပတ်သက်ပြီးသွားပြီ ၊မင်းတို့ပိုပြီး မတွေးခေါ် နိင်ဘူးလား?ငါနဲ့တခြားစီပဲ ငါကတော့အားပေးနေမယ်!ငါ့ဇနီးလေး! ]
ထောင်ယွမ်မြို့၊ ဖန်းယာဘားထဲတွင်။
တောက်ပလိုက် မှိန်သွားလိုက် အလှည့်ကျဖြစ်နေတဲ့ မီးရောင်များက မြန်မြန်ဆန်ဆန် တဖျက်ဖျက်လှုပ်ခါနေခဲ့သည်၊ လေထုကလည်း ဆေးလိပ်နံ့များ၊အရက်နံ့များနဲ့ပြည့်နှက်နေပြီး အကကြမ်းပြင်ကလည်း ယိမ်းထိုးနေသည့် တုန်လှုပ်ဖွယ် အသွင်အပြင်များနှင့် ပြည့်နှက်နေသည်၊ နားကိုပင် အူစေလောက်အောင် သီချင်းသံများကကျယ်လောင်လွန်းလှသည်။
ထောင့်နားလေးမှာ အဖြူရောင်ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ထိုင်နေခဲ့သည် ၊
ဘောင်းဘီရှည်က ထိုအမျိုးသားရဲ့ ရှည်လျားဖြောင့်စင်းတဲ့ခြေထောက်တွေကို ပေါ်လွင်စေပြီး သူရဲ့ အဖြူရောင်ရှပ်အင်္ကျီက ကြယ်သီးအပြည့်အ၀တပ်ထားပြီး လူတွေကို ထိုကြယ်သီးများကို ဖြုတ်ချင်စေကာ သူရဲ့ အဖြူရောင်ရှပ်ကို ညစ်ညမ်းသွားစေချင်အောင် ပြုလုပ်နေတဲ့ တည်ငြိမ်တဲ့ လေထုကိုပေးစွမ်းနေသည်။သူရဲ့ အသွင်အပြင်က အလွန်ချောမော၏၊ ဒါပေမယ့် ဂျန်ရှီးလျန်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အသွင်နဲ့ မတူစွာ သူက တည်ငြိမ်ပြီး သိမ်မွေ့တဲ့ အရှိန်အဝါကို ထုတ်ဖော်လို့နေသည်။
YOU ARE READING
အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)
HorrorEng name- Became an infinite game beauty npc Credit to original author #mmtrans