Chapter 20

218 43 6
                                    

Unicode

အမျိုးသား သန့်စင်ခန်းထဲမှာ အခုချိန်တွင် ရွှမ်ချင်းနဲ့ ဂျီယန်ကလွဲပြီး တခြားဘယ်သူမှမရှိပေ။

ရွှမ်ချင်းက အဲ့ဒါက ဂျီယန်ဆိုတာ မြင်လိုက်တဲ့အခါ သူရဲ့လက်က နေရာမှာတင်အေးခဲသွားသည်၊သူအဲ့မှာ တောင့်တောင့်ကြီးရပ်နေပြီး ဆက်လုပ်ရမလား ရပ်လိုက်ရမလားမသေချာ‌ပေ။

လေထုက တခဏချင်း အေးခဲလာပုံရပြီး အချိန်တွေတောင် ရပ်တန့်သွားပုံပင်။

ဂျီယန်က သူ့ကို မတိုက်တွန်းသလို ရွှမ်ချင်းနဲ့မျက်နှာချင်းဆိုင်ဖို့ သူ့ခေါင်းတောင်မလှည့်ပေ၊သူက သူရဲ့မျက်လုံးထောင့်ကနေ ရိုးရိုးရှင်းရှင်း အမူအရာမဲ့စွာကြည့်နေသည်။

ဒါက ရွှမ်ချင်းကို လုံးဝမမှတ်မိဘဲ သန့်စင်ခန်းထဲမှာ သူ့ရဲ့ဘေးကလူကို စပ်စုကြည့်ရုံသာဖြစ်သည့်အလား။

ရွှမ်ချင်းရဲ့စိတ်တွေ အမြန်လည်ပတ်နေပြီး အဖြေတစ်ခုရရန် ကြိုးစားပေမယ့် သင့်တော်တဲ့ အဖြေကိုရှာမတွေ့နိုင်ခဲ့ပေ။

ဖြစ်ခဲ့တာတွေကို ငြင်းဆန်တာက လက်တွေ့မှာ မဖြစ်နိုင်ပါဘူး၊အထူးသဖြင့် သူရဲ့လည်းပင်းက ဒဏ်ရာက အရမ်း သိသာပြီး ဂျီယန်ရဲ့ နှာခေါင်းအောက်တည့်တည့်တွင် ဖြစ်ပျက်ခဲ့တာကြောင့်ပင်။

ဒါ့အပြင် ဂျီယန်က သန့်စင်ခန်းတံခါးနဲ့ ပိုနီးသည်၊ရွှမ်ချင်း ထွက်ပြေးချင်ရင်တောင် သူ့ကို အရင်ဆုံးဖြတ်ကျော်ရမှာဖြစ်သည်။

သူရဲ့ ချည့်နဲ့နေတဲ့ ခန္ဓာကိုယ်က ဂျီယန်ထက် ပိုမြန်မြန် လှုပ်ရှားနိုင်မယ်ဆိုတာ မယုံပါချေ၊ တကယ်တော့ သူက သာမာန်လူတွေထက်တောင် ပိုအားနည်းပါသည်။

တခဏလောက် ထိုနေရာမှာ တွေဝေစွာ ရပ်နေကာ အကြပ်ရိုက်နေသည်။

ဂျီယန်က သူရဲ့မျက်လုံးထောင့်ကနေ သူရှေ့က လူငယ်လေးကို တချက်ကြည့်လိုက်သည်၊လူငယ်လေးရဲ့ဆံပင်က အရမ်းချောမွတ်ပုံရပြီး maskက သူရဲ့မျက်နှာကိုဖုံးကွယ်ထားကာ သူရဲ့ အသွင်အပြင် အပြည့်အစုံကို မမြင်နိုင်အောင်ပြုလုပ်နေသည်၊ရှည်လျားတဲ့ မျက်တောင်မွှေးတွေက သူရဲ့မျက်လုံးအောက်မှာ လှပတဲ့ အရိပ်လေးထင်နေပြီး တည်ငြိမ်အေးချမ်းတဲ့ အရှိန်အဝါကို ပေးစွမ်းသည်၊သူရဲ့မျက်လုံးနဲ့ မျက်ခုံးထောင့်များက သိမ်မွေ့ပြီး မိန်းမလည်းမဆန် ယောက်ျားလည်းမဆန်တဲ့အလှကို ဖော်ထုတ်လို့နေသည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now