Chapter 22

159 33 2
                                    

Unicode

ဝမ်လီက လူငယ်လေးမှာ ဒီလိုမှဲ့မျိုးရှိနေတာ အသေအချာသိနေသလိုမျိုး ဂျီယန် မှဲ့ကိုပြောတဲ့အခါ သူရဲ့ မျက်လုံးက မှိန်ဖျော့သွားသည်။ 

မှဲ့လို့ခေါ်ပေမယ့် အဲ့ဒါက ပုံစံတစ်ခုနှင့်ပိုတူသည်။

သူက လူငယ်လေးရဲ့ မျက်လုံးထဲက အားငယ်ပြီး အသနားခံနေမှုကိုကြည့်ကာ  သူ့ရဲ့အပြုံးက နူးညံနေခဲ့သည်၊သူ လက်လှမ်းလိုက်ပြီး တဖက်လူရဲ့ မျက်လုံးထောင့်ကနေ ကျဆင်းလာတော့မယ့် မျက်ရည်တွေကို သုတ်ပေးလိုက်သည်။" အာချင်းက အဲ့လို လူမျိုးမဟုတ်ဘူးဆိုတာ ကိုယ်ယုံတယ်"

သူ နူးညံ့စွာ လူငယ်လေးကို အားပေးလိုက်သည်။"ဒါ့အပြင် အာချင်းက ယောက်ျားလေးပဲ ၊ အင်္ကျီမဝတ်တာက သူ့အတွက်အဆင်ပြေပါတယ်၊ အဲ့တာ ဘာအဓိပ္ပာယ်မှမရှိဘူး"

လူငယ်လေးရဲ့ စိုးရိမ်မှုနဲ့ ကြောက်လန့်မှုက ကြင်နာမှုကြောင့် သက်သာသွားပုံရသည် ၊ သူ ရှက်ရွံစွာ သူ့နှုတ်ခမ်းကိုဖိလိုက်ပြီး ဝမ်လီဘေးမှာရပ်လိုက်ကာ သူ့အပေါ် ယုံကြည်အားထားလို့နေသည်၊ သူရဲ့မျက်လုံးတွေက ပျော်ရွှင်မှု ချစ်ခင်မှုတို့နဲ့ပြည့်နှက်နေသည်။ 

လူငယ်လေးရဲ့အချစ်က စစ်မှန်ပြီးပြင်းပြသည်၊ လက်ရှိ လူသုံးယောက်ရှိနေသာ်လည်း  ဝမ်လီကသူ့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးဖြစ်သကဲ့သို့ သူရဲ့မျက်လုံးထဲမှာ ဝမ်လီကိုသာ မြင်နိုင်ပုံရသည် ။ 

ပြီးတော့ ဝမ်လီက လူငယ်လေးရဲ့ခေါင်းကို နူးနူးညံ့ညံ့ ပွတ်ပေးလိုက်ကာ နွေးထွေးပြီး လှပတဲ့ မြင်ကွင်းကို ဖန်တီးလို့နေသည်။ 

မြင်ကွင်းက လှပလွန်းလို့ လူတစ်ယောက်ကို ၎င်းအား ဖျက်ဆီးချင်အောင်ပြုလုပ်နေသည်။ 

ဂျီယန်ရဲ့မျက်လုံးထဲ မကျေနပ်မှု တစွန်းတစ ဖြတ်‌ပြေးသွားပေမယ့် ချက်ချင်းပဲ ပျောက်ကွယ်သွားသည်၊ သူ စိတ်သောကရောက်နေပုံရတဲ့ ရွှမ်ချင်းကို ကြည့်ကာပြောလိုက်သည်။"ဇနီးလေး မင်းတကယ်ပဲ ငါ့ကို ဒီလိုဆက်ဆံချင်တာလား?"

"ကျ-ကျွန်တော် ခင်ဗျားကို လုံးဝမသိဘူး" ရွှမ်ချင်းက ဂျီယန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ 

You've reached the end of published parts.

⏰ Last updated: Nov 11 ⏰

Add this story to your Library to get notified about new parts!

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now