Chapter17

199 42 0
                                    

Unicode

မှိန်ဖျဖျ ဓာတ်ခွဲခန်းထဲတွင်  ကြမ်းပြင်ပေါ်မှာ သွယ်လျတဲ့ကောင်လေးက တံခါးကိုကျောပေးထားပြီး သူဘာလုပ်နေလဲဆိုတာမသိဘဲ ဒူးထောက်နေသည်၊

သူ့နောက်က အသံကိုကြားတဲ့အထိ သူကနက်နက်ရှိုင်းရှုင်း အာရုံစိုက်နေကာ တစ်စုံတစ်ယောက်ရဲ့ ရှေ့မှောက်တင် သူ့ကို တုံ့ပြန်စေခဲ့သည်။

အသံကိုကြားတဲ့အခါ ထိတ်လန့်သွားပုံရပြီး ထိတ်ထိတ်ပျာပျာ ခေါင်းလှည့်ကြည့်လိုက်သည်၊သူမျက်လုံးတွေက မြူတွေနဲ့ပြည့်နှက်နေပြီး ကြောက်ရွံနေတဲ့ ကြောင်လေးတစ်ကောင်လို စိုးရိမ်မှု အရိပ်အယောင်ကို ပြသနေသည်။

"ဒေါက်တာဝမ်!" သူ့နောက်ကလူက ဆရာဝန်ဆိုတာ မြင်တဲ့အခါ ရွှမ်ချင်းရဲ့ မျက်လုံးလေးများက သူလှည့်လိုက်တဲ့အခါ ပျော်ရွှင်မှုနဲ့အတူ တလက်လက်တောက်ပနေပြီး မရေမတွက်နိုင်တဲ့ကြယ်တွေနဲ့ဆင်တူတဲ့ ပျော်ရွှင်မှု အလင်းရောင်ရေးရေးလေးကို ထုတ်ဖော်ပြသလာသည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာ သူတစ်ခုခုကို သတိရသွားပုံရကာ ကတိုက်ကရိုက်သူရဲ့လက်ကို ဝှက်လိုက်ပြီး သူ့အကြည့်ကိုဘေးသို့လွှဲလိုက်သည်။

သူရဲ့ အပြုအမူက သိသာပြီး မျက်လုံးနဲ့ တွေ့လိုက်တာထက် ပိုတဲ့ တစ်ခုခုကို ဒီမှာ ရှိနေတဲ့ဆိုတဲ့အချက်ကို ဖော်ပြနေသည်။

ဆရာဝန်က ခံစားချက်မဲ့စွာ အခန်းထဲ လျှောက်ဝင်လာပြီး လူငယ်လေးရဲ့ရှေ့မှာရပ်ကာ သူရဲ့လက်ကို အိတ်ကပ်ထဲထည့်ထားပြီး ကောင်လေးကိုမကြည့်ခင် မှန်ဘောင်ထဲက အနက်ရောင်အလုံးကြီးကို တချက်ကြည့်လိုက်သည်၊အထက်စီးဆန်တဲ့ အနေအထားကနေ သူမေးလိုက်သည်။ "မင်းဘာမြင်လိုက်လဲ" 

ဆရာဝန်ရဲ့ လေသံက လူတစ်ယောက်ရဲ့ ကျောရိုးတစ်လျောက် ကျောချမ်းသွားစေလောက်အောင် အလွန် ညင်သာသည် ၊ဒါပေမယ့် လူငယ်လေးကိုကြည့်တဲ့ မျက်လုံးတွေက လူသေတစ်ယောက်ကို ကြည့်နေသလိုမျိုး ဘာလှိုင်းတံပိုးမှမရှိချေ၊ဒါပေမယ့် လူငယ်လေးက သူကိုယ်ပိုင်ကမ္ဘာထဲမှာ နစ်မြုပ်နေပုံရကာ လုံးဝသတိမမူမိပေ။ 

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now