Chapter 19.1

182 31 0
                                    

Unicode

လူတစ်ယောက် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖို့ ကြိုးစားရင်တောင် သူတို့ရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အချိုးအစားကတော့ မပြောင်းလဲနိုင်ပေ၊ထို့အပြင် ရွှမ်ချင်း လုံးဝ သူကိုယ်သူ ရုပ်ဖျက်ထားခြင်းမရှိပေ။

ထို့ပြင် အရမ်းသိသာတဲ့  လက္ခဏာဖြစ်တဲ့ သူ့လည်ပင်းပေါ်မှာ ပတ်တီးရှိနေသည် ၊အကြည့်တစ်ချက်တည်းနဲ့ မှတ်မိသွားနိုင်သည်။

အကောင်းဆုံးနည်းလမ်းက တစ်ယောက်နဲ့တစ်ယောက် မတိုက်မိအောင် ရှောင်ဖို့ရန်ဖြစ်သည်၊ ရွှမ်ချင်း သူ့အကြည့်ကို နှိမ့်လိုက်ပြီး သူရဲ့မျက်လုံးအောက်က စိတ်ခံစားချက်တွေကိုဖုံးကွယ်လိုက်သည်။

"အာ"လူငယ်လေးက လူများတဲ့နေရာတွေနဲ့ အကျွမ်းတဝင်မရှိပုံရသည်၊ဒါကြောင့် သူက စိတ်လှုပ်ရှားနေပြီး လှေကားရဲ့ ပထမတစ်ထစ်မှာ မတော်တဆ ခလုတ်တိုက်သွားခဲ့သည်။

ဆရာဝန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူပြတ်ကျလာတဲ့ အချိန်မှာ ရွှမ်ချင်းရဲ့ခါးကို ဖမ်းလိုက်ကာ သူရဲ့ လက်မောင်းအတွင်း ဆွဲသွင်းလိုက်ပြီး မြေပြင်နဲ့ ထိမိမှာကနေ တားဆီးလိုက်သည်။

လူငယ်လေးရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူရဲ့မျက်နှာကို ဆရာဝန်ရဲ့ ရင်ဘက်မှာ မြုပ်ထားလိုက်ကာ ထိတ်လန့်သွားပုံရသည်။

လက်တစ်ဖက်ဖြင့် လူငယ်လေးရဲ့ သွယ်လျတဲ့ခါးကို ဖက်ထားပြီး သူကို နှစ်သိမ့်ဖို့ နောက်ကျောကို ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။"အဆင်ပြေပါတယ် မင်းဘယ်လိုလုပ် နမော်နမဲ့နိုင်ရတာလဲ?"

သူ့ခေါင်းကို မြုပ်ထားတဲ့ လူငယ်လေးရဲ့ ရှုထောင့်က လုံးဝကို သူ့ရဲ့လည်ပင်းကဒဏ်ရာကို ကွယ်ထားသည် ၊ အနောက်ကနေဆိုရင် သွယ်လျတဲ့ လူငယ်လေးအဖြစ် ဖော်ပြထားသည်။

ထို့အပြင် ဂျီယန်က လှေကားအုံက လူသုံးယောက်ကို တစ်ချက်တောင်မကြည့်ဘဲ အောက်ထပ်ကို ပေါ့ပေါ့ပါးပါးဆင်းသွားပြီး ရှေ့တည့်တည့်ကို လျှောက်သွားခဲ့သည်။

ဒါပေမယ့် ဝမ်လီက သူ့အကြည့်ကို စွေ၍ တစ်ဖက်လူကို ဖြတ်ခနဲ ကြည့်လိုက်သည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now