Unicodeထိတ်လန့်သဲဖို တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ပေါက်ကွဲထွက်သွားပြီး လူတွေက စတင်ဆဲရေးကြတော့၏၊ လှပခြင်းကိုနှစ်သက်ပြီး သွေးထွက်သံယိုဖြစ်ခြင်းနဲ့ အကြမ်းဖက်ခြင်းကိုမကြိုက်တဲ့ ကြည့်ရှုသူတွေတောင် နောက်ထပ်ငြိမ်နေနိုင်တော့ပေ၊ အတားအဆီးထဲက မှတ်ချက်တွေက မကြုံစဖူး အလျင်နဲ့ စခရင်ကိုဖြတ်ပြီးထွက်ပေါ်လာကြသည်။
အတားအဆီးမှာ သိပ်သည်းများပြားလာပြီး ဆရာဝန်ရဲ့ ချောမောပြီး သိမ်မွေ့တဲ့ မျက်နှာ အပါအဝင် စခရင်ကို လုံးဝ ဖုံးသွားခဲ့သည်။
[Bitch!bitch!bitch! သူကလူကောင်းမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊ ဒါပေမယ့် သူ ညစ်ညစ်ပတ်ပတ် ကစားမယ်လို့ လုံးဝ မထင်ထားဘူး!!!!]
[မင်းသူ့ကိုကြိုက်တယ်ပေါ့?သူနဲ့ထိုက်တန်ရဲ့လားဆိုတာ မြင်အောင် မှန်ထဲသွားကြည့်လိုက်ဦး!?]
[ဖားပြုပ်က ငန်းအသားကိုစားချင်တယ်ပေါ့လေ! မင်းရဲ့ ရုပ်ဆိုးတဲ့ အသွင်အပြင်နဲ့ ချင်းချင်းရဲ့ ချင်ခင်မှုကို ရယူနိုင်မယ်လို့ထင်တယ်ပေါ့? အိမ်မက်မက်နေလိုက်!!!]
[သေစမ်း!ရပ်လိုက်! ချင်းချင်းကိုထိရဲရင် ငါမင်းကို သက်ညှာပေးမှာမဟုတ်ဘူး!]
[....ချင်းချင်းရဲ့ အနေအထားက အနိုင်ကျင့်ဖို့တောင်းဆိုနေတာလို့ ခံစားရတာ ငါတစ်ယောက်တည်းလား? ဒါက ငါ့ကို နိုးကြွလာစေတယ်]
သူရဲ့ ဝိညာဉ်စုပ်ယူခံရသကဲ့သို့ လူငယ်လေးရဲ့ မျက်လုံးတွေက ငေးငိုင်နေခဲ့သည်၊ ဝိညာဉ်မရှိတဲ့ လှပတဲ့ အရုပ်လေးတစ်ရုပ်လိုမျိုး သူရဲ့လှပတဲ့မျက်လုံးတွေက ဗလာဖြစ်နေပြီး သက်ဝင်လှုပ်ရှားမှုမရှိတော့ပေ။
သူတို့ ကြိုက်နှစ်သက်တဲ့ အနေအထားကို အသွင်ဆောင်ပြီး သူတို့ကျေနပ်သလို အခြားသူတွေကို လုပ်ခွင့်ပေးထားသည့်အလား။
သူက မရွေ့လျားနိုင်တဲ့ အရုပ်တစ်ရုပ်မဟုတ်ရင်တောင် တကယ်တမ်းကျတော့ ဘာမှ သိပ်ကွားခြားမှုမရှိပေ၊ လူငယ်လေးက အမြဲတမ်း ငြိမ်သက်ပြီး နာခံနေမှာဖြစ်သည်၊ ကြမ်းကြမ်းတမ်းတမ်း အနိုင်ကျင့်ရင်တောင်အများဆုံးမှ သူရဲ့မျက်လုံးထဲမှာနီမြန်းနေတဲ့ အရိပ်အယောင်ပြပြီး မတရားသဖြင့်သနားစဖွယ်ကြည့်ကာ စကားကျယ်ကျယ်မပြောရဲ ဘဲ တိတ်တိတ်လေးဒေါသ ဆူပွက်ကာကြည့်နေရုံသာ တတ်နိုင်လိမ့်မည်။
YOU ARE READING
အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)
HorrorEng name- Became an infinite game beauty npc Credit to original author #mmtrans