Chapter 4

523 85 7
                                    

Unicode

ညဘက်ဒီလိုတိတ်ဆိတ်တဲ့အချိန်မှာ အသံတိုးတိုးလေးကပင် အချိုးမကျစွာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပေလိမ့်မည်။

ပါးလွှာသော လေထဲမှထွက်ပေါ်လာသကဲသို့ ဘာခြေသံ ၊ ဘာတံခါးပိတ်သံမှမကြားရဘဲ ထိုအမျိုးသားရဲ့အသံက ရုတ်တရပ် ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသားရဲ့အသံက ဟာဟတစ်ခုလိုမျိုးထင်ရပေမယ့် ရွှမ်ချင်းရဲ့ ခန္ဓာကိုယ်က အလိုအလျောက် တောင့်တင်းသွားပြီး သူရဲ့အမွှေးများ အဆုံးထိထောင်တက်သွားကာ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေတိုင်းက သူ့ကိုပြေးဖို့ အော်ဟစ်နေကြသည်။

မစဉ်းစားဘဲ ရွှမ်ချင်းက သူရဲ့ အလိုအလျောက်တုံ့ပြန်မှုအတိုင်း လိုက်ခဲ့သည်၊ သူ့အိတ်ရဲ့ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ရပ်တန့်ခြင်းမရှိဘဲ သူရဲ့ခြေလှမ်းတွေကို ချက်ချင်း အရှိန်တင်လိုက်သည်။

ဓာတ်လှေကားက နီးနီလေးသာဖြစ်ပေမယ့် အသံကတော့ သူနဲ့ အနည်းဆုံးဆယ်မီတာ အကွာတွင်ရှိနေပုံရသည်။

ညသန်းခေါင်မှာ ဓာတ်လှေကား သုံးတဲ့သူ အများကြီးမရှိဘဲ ဓာတ်လှေကားက ဒီအလွှာမှာ ရောက်နေတယ်ဆိုတာကို သူရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

အချိန်ရပါသေးတယ်။

ရွှမ်ချင်းသူ့ရဲ့ ခွန်အားအကုန်အသုံးပြုပြီး ဓာတ်လှေကားဘက်ကို အားသာကုန်ပြေးသွားပြီး တုံ့ဆိုင်းခြင်းမရှိ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

တကယ်ပဲ ဓာတ်လှေကားက လျင်လျင်မြန်မြန်ပွင့်လာခဲ့၏။

ရွှမ်ချင်း ဓာတ်လှေကားထဲ ၀င်လိုက်ပြီး ပထမထပ်ကို ခလုတ်နှိပ်လိုက်သည် ၊လက်တစ်ဖက်က သူရဲ့ အိတ်ကြိုးကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တခြားတစ်ဖက်က  ဓာတ်လှေကားရဲ့ ပိတ်တဲ့ ခလုတ်ကို ထိပ်ထိပ်ပျာပျာနှိပ်နေခဲ့ကာ သိပ်မဝေးတဲ့နေရာက မတုံ့ပြန်သေးပုံရတဲ့ ထိုအမျိုးသားကို သူ စိုးရိမ်တကြီး ကြည့်လိုက်သည်။

ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပိတ်လာကာ အပြင်ဘက် မြင်ကွင်းကို ဖြည်းဖြည်းချင်း ပိတ်ကာလို့ နေသည်။

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now