ချစ်သောမြေဝယ်_(1)

242 22 0
                                    

လေအေးတို့သည်တဖြူးဖြူးတိုက်ခိုက်နေ၏။ ထိုလေအေးတို့ကဲ့သို့ပင် စိတ်ခံစားချက်တို့ကလည်းအေးစက်နေသယောင်။

"ဟူး"

တစ်ယောက်သောသူ၏ သက်ပြင်းချသံခပ်တိုးတိုးသည် တိတ်ဆိတ်နေသောကားပေါ်တွင် ထင်ရှားစွာကြားရလေ၏။ ချောမောလှပလွန်းသောမျက်နှာလေးနဲ့မလိုက်ဖက်စွာ သက်ပြင်းမောကို ပင့်ရှိုက်လိုက်သော ဤ လူသားလေးသည် အဘယ်သို့သော ဝမ်းနည်းပူဆွေးစရာများရှိနေပါအံ့။ ရှိပါအံ့။

လောကမှာ လူဖြစ်သည်နဲ့တစ်ပြိုင်နက် အပူနဲ့ကင်းသောလူဟူ၍ မရှိနိုင်။ လူတိုင်းဟာသူ့အပူနှင့်သူ ဝမ်းနည်းမှုကိုယ်စီနှင့် လောကခရီးကိုရှေ့ဆက်တိုက်ပွဲ‌ဝင်နေကြရသည်မှာမငြင်းနိုင်သောအမှန်တရားပင်ဖြစ်ပေသည်။ ဤလူသားလည်း လောကအလယ်မှ လူတစ်ဦးပေမို့ ဝမ်းနည်းမှုတို့လည်းရှိပေစွ။

လတ်တလော မိခင်ကို ဆုံးရှုံးလိုက်ရသော သူတစ်ဦးအဖို့ စိတ်ချမ်းမြေ့စရာဟာ အဘယ်မှာရှိပါအံ့နည်း။ မွေးစအရွယ်မှစ၍ အဖေဟုခေါ်ခွင့်မရှိသူတစ်ဦးအဖို့ မိခင်သာသည် အားထားရာဖြစ်ခဲ့ပေသည်။ အရာရာတိုင်းအတွက်မိခင်ကိုသာတမ်းတခဲ့ရသည်။ အဖေဟူသော သူတစ်ဦး၏ တာဝန်ဝတ္တရားများကိုထမ်းပိုးခဲ့သော အမေသည် လူ့လောကမှစွန့်ခွာသွားချေသည်။‌ မွေးဖွားသည့်အချိန်မှစ၍ အဖေဟူသော နာမ်စားအစား အမေဟူသော နာမ်စားကိုသာ ထပ်‌ခါတစ်လဲလဲခေါ်ခဲ့သူအဖို့ ယခုအချိန်တွေတော့ အမေဟုခေါ်ခွင့်မရတော့ပေ။ ရှင်သန်နေသည့် ကာလပတ်လုံး အမေ့ကိုသာ တမ်းတ အောက်မေ့ခဲ့သူမို့ ယခုအမေ့မရှိတော့တဲ့အချိန်‌တွင် အမေ့ကိုပိုမိုအောက်မေ့လွမ်းဆွတ်နေရပေသည်။ အမေက သူ့၏ တစ်ဦးတည်းသော သားငယ်ကို လက်မလွှတ်ခင်မှာပင် သူ၏နောက်ဆုံးဆန္ဒကို မှာကြားသွားပေသည်။

သူ၏အရိုးပြာကို ရှမ်းပြည်နယ်ကိုသွား၍ ထိုပြည်နယ်၏မြေသားတို့တွင် မြှုပ်နှံပါစေ ဟူသော ဆုတောင်းပါပေ..။ အလွန်ပင်ရိုးရှင်းသော ဆန္ဒပါတကား။ မည်သို့သော အကြောင်းပြချက်တို့ မည်သို့သော အကြောင်းတရားများကြောင့် ဤသို့ဆန္ဒရှိခဲ့သည်ကို မသိသော်လည်း ဖြည့်ဆည်းပေးခြင်းဖြင့်သာအမေ့ကို အနည်းငယ်ကျေးဇူးဆပ်ချင်‌မိ၏။ အမေ့ သည် သေဆုံးချိန်ထိ ရိုးရှင်းစွာခဲ့ပေသည်။ အမေသည်စွန့်ခွာခါနီးအချိန်ထိ သားအပေါ်တာဝန်ကျေခဲ့ပေသည်။

ချစ်သောမြေဝယ်Where stories live. Discover now