ဘယ်ဆီကမှန်းမသိပါသော အငွေ့တို့သည် တလူလူထွက်ပေါ်နေ၏။ သစ်တောအုပ်တို့ဝန်းရံထားသော ပတ်ဝန်းကျင်သည် သူ့အတွက်တော့ စိမ်းသယောင်၊ရင်းနှီးသယောင်။ သစ်ဝောာ ဆိုသော်ငြားလည်း မည်သည့်သတ္တဝါတို့၏အသံကိုမျှမကြားရ။ တိတ်ဆိတ်လွန်းပေသည်။ အဆက်မပြတ်ထွက်ပေါ်နေသော အငွေ့တို့တွင် အမွှေးနံ့တစ်ခုကို ခပ်သင်းသင်းရနေလေသည်။
"အစ်ကို"
မရင်းနှီးပါသော ယောင်္ကျား အသံတစ်သံသည် တောအုပ်ထဲမှထွက်ပေါ်လာလေ၏။ မတိုးလွန်း မကျယ်လွန်းသော အသံတွင် ဝမ်းနည်းမှုတို့ပါဝင်နေသယောင်။
"ကျွန်တော့် ညီလေးကို စောင့်ရှောက်ပေးပါ"
"ကျွန်..ကျွန်တော်က လား"
"အင်း"
"ခင်ဗျားညီက ဘယ်သူလဲသိခွင့်ရှိမလား"
ရုတ်တရက်များပြားလာပါသော မြူနှင်းများသည် တောအုပ်တစ်အုပ်လုံးကို လွှမ်းခြုံထားလေ၏။ သစ်ပင်တို့သည် အချိန်ခဏလေးအတွင်းပင် ကြမ်းတမ်းစွာ လှုပ်ရှားလာလေ၏။ တိတ်ဆိတ်နေသော တောအုပ်တွင် ယခုအခါ ကျီးကန်းတို့၏ အော်သံသည် ပဲ့တင်ထပ်နေလေ၏။ ကောင်းကင်တစ်ခွင်လုံးတွင် များစွာသောလဒကောင်တို့သည် ပျံဝဲနေကြပေ၏။
ရုတ်ချည်းပင်ဆူညံလှသော ပတ်ဝန်းကျင်တွင်ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ရချေသည်။ ထိုငိုသံသည် များစွာ နာကျင်နေသဖြင့်အော်ဟစ်နေဟန်ပင်။ ရှေးကို တိုး၍သွားဟန်ပြင်လိုက်ပါသော်လည်း ခြေထောက်တို့သည်လိုရာမရွေ့။ နဂိုနေရာမှာအတိုင်းရှိနေပေသည်။
ကလေး၏ ငိုသံသည်ကျယ်လောင်သထက်ကျယ်လောင်လှပေ၏။ ငှက်တို့သည် ပိုမိုအော်ငြီးလာလေ၏။အခုနက ယောင်္ကျားတစ်ဦး၏အသံသည်လည်းမထွက်လာတော့ချေ။ မြူတို့သည် ပိုမိုထူထပ်လာပေ၏။ လှမ်းခေါ်၍ အကူအညီတောင်းလိုပါသော်လည်း မည်သည့်အသံမျှမထွက်တော့။
မြူထဲတွင်တဖြေးဖြေးနစ်မြုပ်လာလေ၏။ မျက်လုံးအမြင်သည်လည်း ဝေဝါးပျက်စီးလာချေသည်။ အကြားအာရုံသည်လည်း ယိုယွင်းလာချေ၏။ ကလေးငိုသံသည် နီးသယောင်ဝေးသယောင်၊ မကြားတစ်ချက် ကြားတစ်ချက်။
လဒတို့သည် ကောင်းကင်ပေါ်မှ သက်ဆင်းကာ သူ၏ ခန္ဓာကိုယ်အနီးတွင်ဝန်းရံပျံသန်းနေကြ၏။ သူ့အနီးတွင်ပျံဝဲနေကြသော လဒတို့သည်အကောင်းတိုင်းကပင် ပေါက်ကွဲကာသေဆုံးသွားကြပေ၏။သူ့နီးတူတစ်စုံတစ်ယောက်သည်လည်း ဤတောအုပ်ထဲတွင်ရှိနေပုံပင်။ လဒကောင်တို့ကို သေနတ်ဖြင့်ပစ်သတ်နေလေ၏။ တစ်ကောင်ပြီးတစ်ကောင်သေသွားသော လဒကောင်တို့ကြောင့် သူ၏ အကျီတွင်သွေးတို့တစ်စတစ်စများလာလေ၏။
YOU ARE READING
ချစ်သောမြေဝယ်
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...