ချစ်သောမြေဝယ်-(6)

82 10 3
                                    

"ရှေုးရှု့ရာရာ"

အာဏာသံပါသော  ခေါ်သံနှင့်အတူ တံခါးခေါက်သံကြောင့် ရှေုးရှု့ရာရာသည် တံခါးကိုသွားဖွင့်လိုက်လေ၏။

"အော်..အရှင် စဝ်နန်းသိဒ္ဓိမဟာ"

"အင်း..မျက်နှာသစ်ပြီးပြီလား"

"ဟုတ်"

" တစ်‌‌နေရာကိုလိုက်ခဲ့..."

"ဟုတ်ကဲ့"

ဟော်နန်းအရှင်သည် တည်ငြိမ်စွာလမ်းလျှောက်လာလေ၏။ နောက်တွင်တော့ ရှေးရှု့ရာရာသည်တိတ်ဆိတ်စွာလိုက်ပါလာလေ၏။ အနောက်ကကြည့်လျှင်တောင်ပင် ဟော်နန်းအရှင်သည်ကြည့်ကောင်းလှပေသည်။

ဟော်နန်းအရှင်သည် ဟော်နန်းခြံထဲသို့ခေါ်ဆောင်သွားခြင်းပင်။ ဤတစ်ခါတွင် ဟိုတစ်နေ့က မိမိရောက်ခဲ့သောခြံနှင့်မတူ။ လိမ္မော်သီးများနှင့်ပြည့်နှက်နေသောခြံပင်။ လိမ္မော်သီးတိုသည် အစွမ်းကုန်သီးနေကြပြီး တောင်ကြီး၏ သဘာဝကို ဖြည့်စွက်နေဟန်။

အိပ်ရာမှထစမို့ထင်..မဖီးသင်ထားတဲ့ဆံပင်အုပ်အုပ်လေးနဲ့ချစ်စရာပင်။ လိမ္မော်သီးတွေကိုမြင်သောအခါ တွေ့လိုက်ရသော ကြည်ကြည်လင်လင်မျက်လုံးလေးများ။ တိုက်ခတ်နေသော လေအေးကြောင့်ထင်..ကောင်လေး၏လက်နှစ်ဖက်တို့သည် တစ်ဖက်နှင့်တစ်ဖက်ယှက်နွယ်နေလေသည်။ ဤကောင်‌လေးသည် ဟော်နန်းရဲ့အရှင်ကို ခံစားချက်မျိုးစုံပေးနိုင်ပေသည်။

"လိမ္မော်သီးခူးလို့ရနိုင်မလား..ဗျ"

"အလိုရှိသလောက်ယူ"

"ဟီး"

ခွင့်ပြုပေးလိုက်သောကြောင့် ရှေးရှု့ရာရာသည် လိမ္မော်သီးတို့ကိုခူးဆွတ်တော့၏။

လိမ္မော်သီးတို့သည် ချို၏။ သို့သော် ယခု ရှေးရှု့ရာရာကြောင့် လိမ္မော်သီး၏အချိုဓာတ်များ ပျောက်ကွယ်သွားမှာစိုးရ၏။ အဘယ်ကြောင့်ဆိုသော် လိမ္မော်သီးတို့ကို ခူးဆွတ်နေသော ရှေးရှု့ရာရာ၏အပြုံးသည်ပိုချိုနေသောကြောင့်ပင်။လိမ္မော်သီးများအချိုလျော့လည်းကိစ္စမရှိပေ။ ရှေးရှု့ရာရာ၏ အပြုံးထပ်တိုးလျှင် အဆင်ပြေပါပြီလေ။

ချစ်သောမြေဝယ်Where stories live. Discover now