ချစ်သောမြေဝယ်-(18)

32 5 0
                                    

"ကိုကိုက ချစ်စရာလေး"

လက်ထဲတွင်ကိုင်ထားသော ဓာတ်ပုံများကိုကြည့်၍ ပြောနေသော လူတစ်ယောက်။သေချာကြည့်မြင်ဆိုလျှင် ထိုလူသည် သဘောကျစွာပြုံးနေသည်ကိုတွေ့ရမည်ဖြစ်သည်။

"ဟား..ကိုကို ကျိန်ဆဲပုံလေးကို အသည်းယားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ..ကွာ..ရူးတော့မှာဘဲ"

တစ်ယောက်တည်း ပြောလိုက်၊ရယ်လိုက်နှင့် အလုပ်ရှုပ်နေသော လူသည် အချစ်မှာကျဆုံးနေသည့်ဟန်ပင်။ လက်ထဲရှိ ဓာတ်ပုံကိုကြည့်လိုက်၊ မျက်လုံးတစ်ခါမှိတ်လိုက်လုပ်နေသော ထိုလူသည် တစ်ယောက်တည်းသောသူကိုသာ တမ်းတမြင်ယောင်နေပေသည်။

ထိုစဉ် ဖုန်းလာသောကြောင့် အလျင်အမြန်ပင်ကိုင်လိုက်လေ၏။

"ဟုတ်ကဲ့..နာခံလျက်ပါ..အရှင်"

"........"

"‌နားလည်ပါပြီ..အရှင်..အခုချက်ချင်းစုံစမ်းလိုက်ပါ့မယ်"

တစ်ဖက်မှဖုန်းချသွားသောအခါတွင် ဖုန်း Screen ပေါ်တွင်ပေါ်လာသော ပုံလေးကိုကြည့်၍ ထိုသူသည် အနည်းငယ်ပြုံးလိုက်ပေ၏။

"မောင် နောက်တစ်ခေါက်ပြန်လာခဲ့ပါအုံးမယ်..ကိုကို"

ထို့နောက် သူသည် အခန်းတံခါးကို ဖြည်းညှင်းစွာပိတ်၍ထွက်သွားလေသည်။ ကျန်ရှိခဲ့သော အခန်းထဲတွင် ဓာတ်ပုံပေါင်းများစွာ ခြံရံလျက်။

________________________________________

"ရောက်ပြီ"

တစ်ဖက်ရှိ တိုတောင်းလာသော အသံကိုကြားသောအခါ ရှေးရှု့ရာရာသည် တိုးညှင်းစွာရယ်လိုက်လေ၏။

"ရောက်ပြီဆို နားအုံးလေ"

"Video call ပြောချင်တယ်"

"မနက်ကတင်တွေ့ထားတာမလား"

"လွမ်းတယ်"

နေ့ချင်းပြန်လာသည်ဆိုသောကြောင့် ပင်ပန်းနေမည်ဖြစ်သော ဟော်နန်းအရှင်ကိုအပြစ်မဆိုရက်။ မနက်ကမှတွေ့သည်ဆိုသော်ငြားလည်း သူလည်းဟော်နန်းအရှင်ကိုလွမ်းပါ၏။

"အဲ့ဆို ငါလှမ်းခေါ်လိုက်မယ်..ခဏစောင့်"

"အင်း"

ချစ်သောမြေဝယ်Where stories live. Discover now