ဩရှရှအသံကိုနားတွင်ကြားယောင်ပါ၏။ မြင့်မားသောအရပ်ကိုမြင်ယောင်ကြည့်ပါ၏။ စိမ်းပြာရောင်အကြောတို့ကိုပင်မြင်ရသော လက်တစ်စုံကိုလွမ်းလှပါ၏။ မိမိအားနူးညံ့စွာကြည့်တတ်သော မျက်လုံးတစ်စုံကို လွမ်းပါ၏။ ရှမ်းတို့၏သခင်သည် ရှေးရှု့ရာရာအားပြုစားလွန်းပါသည်။
ဘယ်သွားသွားနေရာတကာတွင် ဟော်နန်းအရှင်၏ အငွေ့အသက်တို့ကိုလွမ်းလှပေ၏။
ရှမ်းပြည်နယ်တွင်ရှိနေသော စော်ဘွားအရှင်သခင်၏ အာဏာသည် ရှေးရှု့ရာရာ၏ နှလုံးသားထိပါ သက်ရောက်စေပုံပင်။ အချိန်တိုင်း လွမ်းရအောင်လုပ်နိုင်ပါ၏။"........"
Silent လုပ်ထားသောဖုန်းသည်စားပွဲခုံပေါ်တွင်တုန်ခါနေပေ၏။ကြည့်လိုက်သောအခါ phone contact name သည် စဝ်နန်းသဒ္ဓိမဟာ။
"ဟယ်လို "
"ရှေးရှု့ရာရာ"
"ဟုတ်...စဝ်နန်းသဒ္ဓိမဟာ"
"Instagram ကိုတစ်ချက်ဝင်ကြည့်"
"ဟင်..ဘာဖြစ်လို့လဲ"
"စကားပြောချင်လို့"
"အခုလည်းပြောနေရတာဘဲကို"
"မျက်နှာတွေ့ချင်လို့"
"အွန်း..အဲ့ဆိုဖုန်းချလိုက်မယ်နော်.. Instagram account ကြည့်လိုက်အုံးမယ်"
"အင်း"
ရှေးရှု့ရာရာသည်လည်း ဖုန်းချပြီးသည်နှင့် Instagram ထဲဝင်ကြည့်လိုက်လေသည်။
Instagram ထဲမဝင်ရတာ ကြာသောကြောင့် ဖုန်တောင်တက်နေချေပြီ။ Follower အများကြီးတိုးသည့် အသိပေးချက်တို့တက်လာလေ၏။Message ထဲဝင်ကြည့်တော့ တစ်ယောက်ယောက်က စာပို့ထားလေသည်။ပို့ထားသည့်စာမှာ အစက်သုံးစက်။
Account name ကိုကြည့်မိတော့ Orange တဲ့။
ရှေးရှု့ရာရာသည် ထူးဆန်းသောနာမည်နှင့် account ပိုင်ရှင်ကို စိတ်ဝင်စားသွားပေ၏။ထိုအချိန် ဟော်နန်းအရှင်မှဖုန်းဆက်လာပေ၏။
"Account နာမည်ကဘာလဲ..မတွေ့ဘူးဖြစ်နေလို့"
"စာပို့ထားတယ်"
"ဟုတ်လား..ဒါဆို မဟုတ်မှ... Orange ဆိုတဲ့ဟာလား"
"အင်း "
"အခု Video call ပြောမယ်နော်..ဖုန်းချပြီ"
YOU ARE READING
ချစ်သောမြေဝယ်
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...